Main menu

Background

တရုတ်ပြည်သွား ရေခဲရိုက် အသားအစိုများ

Wed, 09/22/2010 - 08:06 -- Anonymous (not verified)

 တရုတ်ပြည်သွား ရေခဲရိုက် အသားအစိုများ    မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ ရေခဲရိုက်အသား အစိုများကို ပုံမှန်ကုန်သွယ်မှုစနစ်၊ တစ်ဆင့်သယ်ပို့စနစ်တို့ဖြင့် တင်ပို့လျက်ရှိရာ စက်တင်ဘာလ (၁) ရက်နေ့မှ (၁ဝ) ရက်နေ့ အထိအသားအစိုတင်ပို့မှုမှာ ရေခဲရိုက်အမဲသား (၃၃၆) တန်၊ တန်ဖိုးဒေါ်လာ ဝ ဒဿမ၉၇၄ သန်း၊ ရေခဲရိုက်ဆိတ်သား (အရိုးပါ) ၁၅ တန်၊ တန်ဖိုးဒေါ်လာ ဝ ဒဿမဝ၄၅ ဒေါ်လာသန်းကို ပုံမှန်ကုန်သွယ်မှု စနစ်ဖြင့် တင်ပို့ခဲ့ပြီး ရေခဲရိုက် ကွဲျသား၁၇၈ ဒဿမ ၅၇ တန်၊ တန်ဖိုးဒေါ်လာ ဝ ဒဿမ ၄၄၆ သန်းကို တစ်ဆင့်သယ်ပို့စနစ်ဖြင့် တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာ ရေခဲရိုက်အမဲသား၁ဝ၆၄ ဒဿမ ၄၂၅ တန်၊ တန်ဖိုးဒေါ်လာ ၃ ဒဿမ ဝ၈၇ သန်း၊ ရေခဲရိုက်ဆိတ်သား (အရိုးပါ) ၅ တန်၊ တန်ဖိုးဒေါ်လာ ဝ ဒဿမ ဝ၁၅ သန်းဖိုး ပုံမှန်ကုန်သွယ်မှု စနစ်ဖြင့် တင်ပို့ခဲ့ပြီး ရေခဲရိုက်ကွဲျသား ၂၄၂ တန်၊ တန်ဖိုးဒေါ်လာဝ ဒဿမ ၆ဝ၅ သန်းကို တစ်ဆင့်သယ်ပို့စနစ်ဖြင့် တင်ပို့နိုင်ခဲ့ပါတယ်။ ဈေးနှုန်းတွေကတော့ ရေခဲရိုက်အမဲသား တစ်တန် လျှင် ၂၉ဝဝ ဒေါ်လာ၊ ရေခဲရိုက်ကွဲျသားတစ်တန်လျှင် ၂၅ဝဝ ဒေါ်လာနဲ့ ရေခဲရိုက်ဆိတ်သား (အရိုးပါ) တစ်တန်လျှင်၃ဝဝဝ ဒေါ်လာဖြစ်နှုန်း အသီးသီးဈေးပေါက်လျက်ရှိပါတယ်။Sourceး နသက၊စိုးစိုးလှိုင်