Main menu

Background

မတ်ပဲဈေးပြန်လည်ဆင်းလာ

Thu, 09/23/2010 - 05:03 -- Anonymous (not verified)

    စားနပ်ရိက္ခာဈေးနှုန်းများအပေါ်အခြေခံတဲ့ ဈေးနှုန်းဖောင်းပွမှုဟာ စက်တင်ဘာလ ၄ ရက်နေ့မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၁၅ ဒသမ ၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက်၊ မတ်ပဲနဲ့ ဟင်းခတ်အမွှေးအကြိုင်ဈေးက ၁ ရာခိုင်နှုန်းစီမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲစင်းငုံက ၅ ရာခိုင်နှုန်း၊ ပြောင်း၊ ဘာလီနဲ့ ပဲတီစိမ်းကတော့ ၁ ရာခိုင်နှုန်းစီ ကျဆင်းခဲ့တယ်လို့သိရပါတယ်။မတ်ပဲဈေးပြန်လည်ဆင်းလာ      ယခင်သီတင်းပတ်များမှာ အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲဈေး ဆက်လက်မြင့်တက်ခဲ့ပေမဲ့ ယခု တစ်ပတ်မှာတော့ ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။ ပဲအဓိကစိုက်ပျိုးတဲ့ မဟာရပ်ရှတရာနဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က ပဲအသစ် ဝင်ရောက်မှုတွေ တိုးတက်လာလို့ ရောင်းအားများနေချိန်မှာ ဝယ်လိုအား နည်းနေတဲ့အတွက် ဈေးလျော့ကျ လာတာဖြစ်ပါတယ်။ မတ်ပဲအထွက် မြင့်တက်မယ့် မျှော်လင့်ချက်များကြောင့် ကာလတိုအတွင်းမှာ ဈေးထပ်မံ ကျဆင်း နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကိုဇယား(၁)နဲ့ ဖော်ပြထားပါတယ်- ဇယား-၁                                                                      ဒေါ်လာ/တန် ဈေးကွက်     ၁၆ .၉ .၁ဝ        ၁၅ .၉ .၁ဝ       ၁၄ .၉ .၁ဝ        ၁၃ .၉ .၁ဝမွန်ဘိုင်း        ၁ဝ၉၁              ၁၁၂၁            ၁၁၂၇                ၁၁၃၄ဒေလီ           ၁၁ဝ၁             ၁၁၁၁             ၁၁၃၂                ၁၁၈၈ချန်နိုင်း     ၁ဝ၃၇-၁၂၅၃     ၁ဝ၆၈-၁၂၆၂     ၁ဝ၈၄-၁၂၇၂        ၁၁ဝ၇-၁၃ဝ၆