ကုလားပဲလက်ရှိဈေးဝန်းကျင်မှာ ပြောင်းလဲမှုဖြစ် ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်များမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးဝန်းကျင်မှာဘဲ အပြောင်းအလဲဖြစ်နေပါတယ်။ အခြားမိုးပဲတွေ ဈေးကွက်ထဲဝင်လာပြီဖြစ်လို့ကုလားပဲ လှောင်လက်များ ထုတ်ရောင်းမှု တွေရှိတာကြောင့် အချို့ရက်တွေမှာ ဈေးလျော့ကျမှုတွေရှိသလို အချို့ရက်တွေမှာ အဝယ်ရှိလို့ ဈေးပြန်မာလာတာတွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိမိုးရွာသွန်းမှုက ပျမ်းမျှမိုးရေချိန်ထက် ပိုမိုနေလို့ ဆောင်းရာသီစိုက်ပျိုးချိန်မှာအစိုဓာတ်ကောင်းကောင်းရရှိမယ့် မျှော်မှန်းချက်များက ဈေးနှုန်းကျဖို့ဖိအားဖြစ်စေပါတယ်။ လာမယ့်ရက်တွေမှာ အခြား မိုးပဲအသစ်တွေဈေးကွက်ထဲ အရှိန်အဟုန်နဲ့ ဝင်လာမှာဖြစ်လို့ ကုလားပဲဈေး ဆက်လက်လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန်ဈေးကွက် ၁၆ .၉ .၁ဝ ၁၅ .၉ .၁ဝ ၁၄ .၉ .၁ဝ ၁၃ .၉ .၁ဝမွန်ဘိုင်း ၄၈၂-၄၈၃ ၄၈ဝ ၄၈ဝ-၄၈၁ ၄၈ဝ-၄၈၆ဒေလီ ၄၈၁ ၄၈ဝ ၄၈၁ ၄၈ဝ-၄၈၆ကန်ပါ ၄၈၆-၄၈၇ ၄၈၇ ၄၈၈ ၄၈၉
Background