Main menu

Background

ပဲစင်းငုံဈေး အနည်းငယ်လျော့

Thu, 09/23/2010 - 06:12 -- Anonymous (not verified)

 ပဲစင်းငုံဈေး အနည်းငယ်လျော့      အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ပဲခွဲစက်များက အဝယ်ရှိနေတာကြောင့် အခြားပဲဈေးတွေ ကျပေမဲ့ ပဲစင်းငုံဈေးက အနည်းငယ်သာ လျော့ခဲ့တာတွေ့ရပါတယ်။ ပဲစင်းငုံစိုက်ပျိုးမှု ကယခင်နှစ်ထက် သိသိသာသာပိုလို့ အထွက်မြင့်တက် မယ်လို့ခန့်မှန်းတဲ့အပြင် လာမယ့်ရက်တွေမှာ အခြားမိုးပဲများက ဈေးကွက်တွေကို အရှိန်အဟုန်နဲ့ ဝင်ရောက်တော့မှာဖြစ်လို့ ဈေးကျဆင်းဦးမယ်လို့ ခန့်မှန်းကြပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့စာရင်းအရ အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက်ဟက်တာ ၆ ဒသမ ၃၂ သိန်းရှိပြီး ယခင်နှစ်ကာလတူ ဟက်တာ၄ ဒသမ ၃၉ သိန်းရှိလို့ ဟက်တာ ၂ သိန်းနီးပါးပိုမိုတာ တွေ့ရပါတယ်။ လက်ရှိရာသီဥတုက ပဲစင်းငုံအထွက်ကောင်းဖို့ အခြေအနေရှိနေပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်။ဇယား-၄                                                                                            ဒေါ်လာ/တန် ဈေးကွက်                      ၁၆ .၉ .၁ဝ           ၁၅ .၉ .၁ဝ            ၁၄ .၉ .၁ဝ               ၁၃ .၉ .၁ဝမွန်ဘိုင်း (မြန်မာပဲစင်းငုံ)     ၇၆၇-၇၇၂            ၇၆၆-၇၇၁                 ၇၈၂                     ၇၇၇ဒေလီ (မြန်မာပဲစင်းငုံ)         ၇၈၂                    ၇၇၆                    ၇၈၇                      ၈၂၁ချန်နိုင်း( မြန်မာပဲစင်းငုံ)        ၇၇၂                    ၇၆၆                    ၇၆၆                      ၇၆၇ Source: agriwatch.com , MIRT (Yangon)