Main menu

Background

ကားဈေးကွက်တွင် နောက်ဆုံးထုတ် အက္ခရာကားသန့်များ လူကြိုက်များနေ

Thu, 09/23/2010 - 07:03 -- Anonymous (not verified)

 ကားဈေးကွက်တွင် နောက်ဆုံးထုတ်အက္ခရာကားသန့်များ လူကြိုက်များနေ     ရန်ကုန်မြို့ ကားဈေးကွက်အတွင်းတွင် လတ်တလော အခွန်ဆောင်ပြီးကားများသာ ရောင်းပန်းဝယ်ပန်းလှနေပြီး ကားဟောင်းများမှာ အရောင်းအဝယ်တစ်စီးစ၊ နှစ်စီးစသာရှိကြောင်းသိရသည်။    အမြင့်ကားများနှင့် ကားကောင်းကားသန့်များ အများဆုံး ဝင်ရောက်သည်။ ဟံသာဝတီယာဉ်စခန်း (အပေါ်ဝိုင်း)တွင် နေ့လယ်ပိုင်းမှစ၍ကားများစည်ကားနေပြီး လမ်းမတန်းသာမကအတွင်းပိုင်းထဲတွင်နေရာယူထားသည်မှာ အခွန်ဆောင်ပြီး လိုင်စင်သစ်အက္ခရာသစ်နှင့် ကားသန့်များသာဖြစ်ကြောင်း ဝါရင့်အကိုျးဆောင် ကိုမြင့်ကျော်မှ ပြောသည်။      အခွန်ဆောင် ကားများနှင့် ပတ်သက်၍ ကားဝိုင်းထဲတွင် မသေချာသော အခြားသတင်းများလည်းပံျ့နံှ့နေပြီး အရောင်းအဝယ် အေးမသွား ဘဲနောက်ဆုံးထုတ် (၄ဂ)တန်းကားများသာ အမေးများ၊ အဝယ်များကြောင်းသိရသည်။ ကားဟောင်းများမှာ လုံးဝ အရောင်းအဝယ် ရပ်တန့်သွားသည်မဟုတ်ဘဲ ကြိုက်ဈေး၊ ကြိုက်ရောင်း သဘောဖြင့် တစ်စီးစ၊ နှစ်စီးစ ပုံမှန် ဖြစ်နေကြောင်း သိရသည်။    ဌာနဆိုင်ရာထုတ် ကားများမှာ အခွန်ဆောင်ကားများမလာခင် ဇူလိုင်လဆန်းပိုင်း က ရောင်းအားတက်ခဲ့ပြီးပါရာဒိုပုံစံ ဝက်ဂွန်ယာဉ်ဆိုလျှင် ၅၂၅-၅၃ဝသိန်းခန့်ရောင်းချခဲ့ရာမှ ယခုအခွန်ဆောင်ပြီး ကားသန့်ပုံဆန်းများ ဝင်ရောက်လာချိန်တွင် ဈေးကျဆင်းကာစက်ရုံထုတ်ဈေးထက် ၂ဝ သိန်း ၂၅သိန်းအမြတ်ဖြင့် ရောင်းချလာကြောင်း ယခင်လူကြိုက်များခဲ့သည့် ဂရန်းဟိုက် အေ့(စ်)များမှာလည်း ယခင် ၆ဝဝ သိန်းနီးနီး အရောင်းအဝယ်ရှိခဲ့ရာမှ ယခုအခါ သိန်း၅ဝဝကျော် ကျော်ဖြင့် ရနိုင်ကြောင်း သိရသည်။     ယခုကားဈေးကွက်မှာ ဈေးခြင်းတူလျှင် ကွက်ပျောက်နေသော်လည်းအသင့်စီးနိုင်ပြီး (အနည်းငယ်ပြင်ဆင်ရန်မလိုဘဲ) ကားသန့်သန့်ဖြစ်ပါကလူကြိုက်များကာ အရောင်းအဝယ်ဖြစ်ကြောင်း လိုင်းပေါ်က ကားဟုတ်/မဟုတ် သိပ်မကြည့်ကြဘဲ အသွင်ဆန်းအသန့်ကားများ ပြောင်းဝယ်၊ ပြောင်းစီးလာကြကြောင်း ဝါရင့်အကျိုးဆောင်ကိုမြင့်ကျော်မှ ပြောသည်။                                                                                                                                                        SN