Main menu

Background

တစ်လလျှင်သင်္ဘောခေါက်ရေ ၃ဝ ခန့်ဖြင့် ကုန်သေတ္တာများကို သယ်ယူပို့ဆောင်ပေးနေ

Thu, 09/23/2010 - 07:16 -- Anonymous (not verified)

 တစ်လလျှင်သင်္ဘောခေါက်ရေ ၃ဝ ခန့်ဖြင့်ကုန်သေတ္တာများကို သယ်ယူပို့ဆောင်ပေးနေ     မြန်မာနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို တစ်လလျှင် သင်္ဘော ခေါက်ရေ ၃ဝ ခန့်ဖြင့် ကုန်သေတ္တာများကို သယ်ယူပို့ဆောင် ပေးနေကြောင်း မြန်မာနိုင်ငံ ပင်လယ်ကုန်သွယ်ရေကြောင်း ပို့ဆောင်ရေးအသင်းမှ သိရသည်။    '' သွင်းကုန်-ထုတ်ကုန်တွေကို သယ်ဆောင်ပြေးဆွဲဖို့ ကုန်သေတ္တာခရီးစဉ်ကို ၁၉၉၁ ခုနှစ်ကစတင် နိုင်ခဲ့ပါတယ်။ ပထမ ဆုံးပြေးဆွဲခဲ့တာက ရန်ကုန်-စင်ကာပူ- ရန်ကုန်ခရီးစဉ်ဖြစ်ပြီး ဒုတိယတိုးခဲျ့မှုအနေနဲ့ ရန်ကုန်-ပို့ကလန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ပါ။ တတိယတိုးခဲျ့တဲ့ ခရီးစဉ်ကအိန္ဒိယနိုင်ငံနဲ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပို့ကုန်တွေကို အိန္ဒိယ၊ တရုတ်၊ ဟောင်ကောင်၊စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ မလေးရှား၊ ကိုရီးယား၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ အင်္ဂလန်၊ ဖိလစ်ပိုင်နှင့် ပါကစ္စတန်နိုင်ငံတွေကို အများဆုံးတင်ပို့နေရပါတယ်''ဟု ယင်းအသင်းမှ ဥက္ကဋ္ဌ ဦးစိုင်းခမ်းလှက ပြောကြားသည်။        အဆိုပါ သင်္ဘောလိုင်းများဖြင့် မြန်မာနိုင်ငံက ဆန်၊ ပြောင်း၊ ပဲမိုျးစုံ၊ နှမ်း၊ မန်ကျည်းသီး၊ရော်ဘာ၊ ငါး၊ ပုစွန်၊ ကျွန်း၊ သစ်မာ သုံးထပ်သား၊ သဘာဝဓာတ်ငွေ့၊ အဝတ်အထည်များ၊ သတ္တုနှင့်သတ္တုထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ တိရစ္ဆာန် ထွက်ကုန်ပစ္စည်းများနှင့် အကြမ်းထည်များကို အများဆုံး တင်ပို့ပေးနေရသည်ဟု ဆိုသည်။                             ခင်မျိုးသွယ်