ကမ္ဘာ့ရွှေဈေး မြင့်တက်လာသော်လည်း ငွေလဲနှုန်း ကျဆင်းသဖြင့် ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်း

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က အတက်ကြမ်း  အကျကြမ်းခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်  ပြန်လည်ကျဆင်းလာခဲ့သည်။ ပြည်တွင်း ငွေလဲနှုန်းများ   မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး  အတက်ကြမ်းခဲ့ရသလို ယခုအခါတွင် ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်ကျဆင်းလာခဲ့သဖြင့် မြန်မာ့ ရွှေဈေးလည်း   ပြန်လည်ကျဆင်းလာ ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။''လဆန်းပိုင်းလောက်က  တကယ့် ကို ကြောက်စရာ  ကောင်းလောက် အောင် ဈေးကမြင့်တက်ခဲ့တာ။ ဈေး မြင့်တက်ခဲ့တဲ့အတွက်  ကုန်သည်တွေ တော်တော်များများ  အထိနာကြတယ်။ ခုဒီရက်ပိုင်းမှာငွေလဲနှုန်းပြန်ကျသွား တဲ့အတွက် ရွှေဈေးကလည်း ပြန်ကျ သွားတယ်။    ကမ္ဘာ့ရွှေဈေးကတော့ နည်းနည်း ပြန်တက်လာတယ်။ ကမ္ဘာ့ ရွှေဈေးတက်ပေမယ့် ပြည်တွင်းကငွေ လဲနှုန်းမတက်ရင် ရွှေဈေးကတက် လာမှာမဟုတ်ဘူး။တကယ်ဆို ဒေါ်လာ နဲ့ရွှေက ပြောင်းပြန်အချိုးပဲ။ နိုင်ငံ တကာ ဒေါ်လာဈေးတက်ရင် ပြည်တွင်း ကရွှေဈေးကျမယ်။ နိုင်ငံတကာဒေါ်လာ ဈေးကျရင် ပြည်တွင်းက ရွှေဈေးတက် မယ်။ အဲဒီလိုသဘောမျိုးပဲရှိတာ။ ခုချိန် မှာ ပြည်တွင်းငွေလဲနှုန်းက အဆမတန် မြင့်တက်သွားတဲ့အတွက် ပြည်တွင်းရွှေ ဈေးပါ မြင့်တက်သွားရတာပါ''ဟု ရွှေ ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။မြန်မာ့ရွှေဈေးသည်  ဇွန်လ ၁၅ ရက်နေ့က ကျပ် ၇၃၈၀၀၀ ရှိခဲ့ရာမှ ဇွန်လ ၁၇ရက်နေ့တွင် ကျပ် ၇၄၈၀၀၀ သို့ မြင့်တက်ခဲ့သည်။ သို့သော် ဇွန်လ ၁၉ ရက်နေ့တွင်ကျပ် ၇၂၈၀၀၀ သို့ကျ ဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၁၅ ရက်နေ့တွင်  ၁၁၈၂ ဒေါ်လာရှိခဲ့ရာမှ ဇွန်လ ၁၇ရက်နေ့တွင် ၁၁၈၀ ဒေါ်လာ သို့အနည်းငယ်ကျဆင်းခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့တွင် ၁၁၉၉ဒေါ်လာသို့ မြင့် တက်ခဲ့သည်။
မယ်သီတာ