Main menu

Background

ရန်ကုန်ဘက်မှ ငါးအဝင်နည်းလို့ မန္တလေးငါးဈေးနှုန်း ပြောင်းလဲ

Thu, 09/23/2010 - 07:52 -- Anonymous (not verified)

 ရန်ကုန်ဘက်မှ ငါးအဝင်နည်းလို့ မန္တလေးငါးဈေးနှုန်း ပြောင်းလဲ    မန္တလေးမြို့ သီရိမာလာဈေးသို့ ရန်ကုန်ငါး၊ ပုစွန်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာမှယခုတစ်ပတ်တွင် ငါးအဝင်နည်း လာခြင်းကြောင့် ဈေးနှုန်းပြောင်းလဲလာကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် ငါးတင်ဆောင်သယ်ယူသည့် ကုန်တင်တန်ချိန် ပြောင်းလဲလိုက်ခြင်းကြောင့် ကားများအထွက်နည်း၍ ငါးအဝင်နည်းလာကြောင်း၊ ကားများကို နဂိုမူလပုံစံအတိုင်းသာ တင်ဆောင်ရန် ပြန်လည်ပြုပြင်လျက်ရှိကြောင်းသိရပါတယ်။ ''အရင်က ငါးတင်ယာဉ် ၃ တန်ကားကို တန်ပိုတင်လို့ရအောင် ပြန်ပြုပြင်ထားကြတာ။ အခု နိုဝင်ဘာလကစပြီး နဂိုတန်ချိန်အတိုင်း တင်ဆောင်ရမှာဖြစ်တဲ့အတွက် ကားတွေ ပြန်ပြုပြင်နေတာ။ အခါတိုင်း နေ့စဉ် ကား ၁ စီး၊ ၂ စီးကြား မန္တလေးကိုအဝင်ရှိခဲ့တယ်။ အခုလက်ရှိထွက်နေတာ ၂ရက်၊ ၃ရက်နေ့မှ ကား ၁ စီးလောက်ထွက်ပြီး တန်ချိန်လည်းလျော့တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ငါးအဝင်နည်းပြီး ဈေးနှုန်းတက်လာခဲ့တယ်'' လို့ ကမ္ဘာကျော် ငါးရောင်းဝယ်ရေးမှဦးကျော်က ပြောပါတယ်။မန္တလေးမြို့ရှိ ငါးဒိုင်များသို့ ရန်ကုန်ဘက်မှ ငါးကြင်း၊ ငါးအုံတုံ၊ ငါးတန်၊ ပုစွန်နဲ့ ငါးသလောက်များ ဝင်ရောက်မှုရှိပြီး မန္တလေးမြို့ရှိ ငါးကုန်များနဲ့ ဧရာဝတီမှ ငါးကြင်း၊ တီလားဗီးယား၊ ငါးတန်၊ ငါးခူများ ဝင်ရောက်မှုရှိပါတယ်။ငါးဈေးနှုန်းမှာ ရေခဲဈေးနဲ့ သက်ဆောင်ခစရိတ်ကြောင့် ၁ဝရာခိုင်နှုန်းနီးပါး ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ဇူးဇူ