Main menu

Background

ဗီယက်နမ်တွင် လျှပ်စစ်စွမ်းအားစက်ရုံတွေက အခွင့်အလမ်းတွေ ဖန်တီးနိုင်မည်

Thu, 09/23/2010 - 08:24 -- Anonymous (not verified)

ဗီယက်နမ်တွင် လျှပ်စစ်စွမ်းအားစက်ရုံတွေက အခွင့်အလမ်းတွေ ဖန်တီးနိုင်မည်    ဗီယက်နမ်မှာ ၂ဝဝ၆-၂ဝ၁၅ အမျိုးသားလျှပ်စစ်ဖွံ့ဖြိုးရေးစီမံကိန်းအရ မဂ္ဂါဝပ် ၆ဝဝ ရှိကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအား စက်ရုံ ၄ဝ ကျော်ကို ထုတ်လုပ်မှာဖြစ်ပါတယ်။   ၂ဝ၁၅ ခုနဲ့ ၂ဝ၂၅ ခုနှစ်အတွင်းမှာနောက်ထပ် ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအား စက်ရုံသစ် ၃ဝ ကနေလျှပ်စစ်စွမ်းအားတွေကို ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုုးတိုးတက်မှုအရ ကျောက်မီးသွေးသုံးလျှပ်စစ် ဓါတ်အားအတွက် ယန္တရားတွေရဲ့ ဝယ်လိုအားကယခုကနေ ၂ဝ၂၅ခုနှစ်အတွင်း တိုးတက်လာနိုင်ပါတယ်။       အဓိကကျတဲ့စက်ယန္တရား ဆိုင်ရာထုတ်ကုန်တွေ ထုတ်လုပ်ရေးကို ဦးစားပေးရည်မှန်းချက်အဖြစ်ထားပြီး ဗီယက်နမ်ရဲ့ စက်ယန္တရားဆိုင်ရာ အင်ဂျင်နီယာ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ဗီယက်နမ်ဝန်ကြီးချုပ်က ၂ဝဝ၂ခုဒီဇင်ဘာ ၂၆ ရက် ကအတည်ပြုခဲ့ပါတယ်။အပူလျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးအတွက် အသုံးပြုတဲ့ ကိရိယာတွေထုတ်လုပ်ရေးအတွက် ပြည်တွင်း စက်ယန္တရားအင်ဂျင်နီယာလုပ်ငန်းတွေက စွမ်းဆောင်နိုင်ခဲ့ပြီးဖြစ်တဲ့အတွက် မဂ္ဂါဝပ် ၆ဝဝ အထိရောက်ရှိမှာ ဖြစ်ကြောင်း စက်မှုနဲ့ ကုန်သွယ်ရေးဒုတိယဝန်ကြီး Do Huu Hao ကပြောကြားပါတယ်။ စက်မှုလုပ်ငန်းအတွက် အခြေခံဒီဇိုင်းအားလုံးကို ဗီယက်နမ်နဲ့နိုင်ငံခြားကျွမ်းကျင်သူအားလုံးက ရေးဆွဲထားပြီးဖြစ်ပါတယ်။                                 Corporation for Industrial Machinery and Equipment နဲ့  Vietnam Engine Agricultural Machinery Corporation တို့လို ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက အင်ဂျင်၊ ဂီယာဘောက်စ်နဲ့ ပန့်စတဲ့ အရေးကြီးတဲ့ကိရိယာ အများအပြားကို ထုတ်လုပ်လျက်ရှိပါတယ်။        ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေက ကျောက်မီးသွေးသုံးပြည်တွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ အတွက်လိုအပ်တဲ့ ကိရိယာတွေကို အတော်များများ ဖြည့်ဆည်းပေးနိုင်တယ်ဆိုပေမဲ့ ဆောက်လုပ်ဆဲ ကျောက်မီးသွေး သုံးဓါတ်အားပေး စီမံကိန်းတွေက သုံးနေတဲ့ စက်ကိရိယာတွေရဲ့ ၄ဝ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်ပါသေးတယ်။တန်ဖိုးအားဖြင့် ၂၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ှSource:vietnamnet.com