Main menu

Background

မျက်စိအဝေးမှုန်စေတဲ့ မျိုးရိုးဗီဇကို သြစတြေးလျ သိပ္ပံပညာရှင်တို့တွေ့ရှိ

Thu, 09/23/2010 - 09:30 -- Anonymous (not verified)

 မျက်စိအဝေးမှုန်စေတဲ့ မျိုးရိုးဗီဇကို သြစတြေးလျ သိပ္ပံပညာရှင်တို့တွေ့ရှိ     ကမ္ဘာ့ပေါ်မှာ အဖြစ်အများဆုံးဖြစ်တဲ့ မျက်စိအဝေးမှုန်ရောဂါကို ဖြေရှင်းနိုင်ဖို့အတွက် ခြေတစ်လှမ်းပို မိုနီးစပ်လာပြီလို့ သြစတြေးလျ သိပ္ပံပညာရှင်တွေက ပြောကြားကြောင်း တရုတ်ဆင်ဝှာသတင်းအေဂျင်စီက စက်တင်ဘာလ ၁၃ရက်ကဖေါ်ပြပါတယ်။ အမွှာ ၁၃ဝဝဝ ကျော်ကို လေ့လာခဲ့တဲ့အပြည်ပြည်ဆိုင်ရာ မျိုးရိုးဗီဇသုတေသန စီမံကိန်းမှာ မျက်စိရောဂါဖြစ်စေတဲ့ အဓိကမျိုးရိုးဗီဇကို တွေ့ရှိခဲ့ပါတယ်။     အဝေးမှုန်ရောဂါကိုဖြစ်ပွားစေတဲ့ မျိုးရိုးဗီဇကို အတိအကျဖေါ်ထုတ်ဖို့ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မိုျးရိုးဗီဇသုတေသနရဲ့ အစိတ်အပိုင်းတစ်ခုကို သြစတြေးလျ အနောက်ပိုင်းရှိ လိုင်းယင်းအိုင်းအင်စတီကျုမှ မျက်စိကုသရေး ပညာဌာနပါမောက္ခဒေးဗစ်မက်ကေးက ဦးဆောင်ခဲ့ပါတယ်။                                                                        လေ့လာမှုပြုရာမှာ လူ ၁၃ဝဝဝ ကျော်ပါရှိပြီး အားလုံးအမွှာတွေဖြစ်တယ်လို့ သူကပြောပါတယ်။လန်ဒန်မှာပြုလုပ်တဲ့ အမွှာသုတေသနလုပ်ငန်းမှာလည်း အဝေးမှုန်တာနဲ့ ဆက်နွယ်နေတဲ့ မျိုးရိုးဗီဇတစ်မျိုးကိုတွေ့ရှိခဲ့ရတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ သူကပြောပါတယ်။ယခုတွေ့ရှိရတဲ့ မျိုးရိုးဗီဇဟာ ပြဿနာတွေဖြေရှင်းနိုင်ဖို့အတွက် ရှာဖွေဖေါ်ထုတ်ရမဲ့ မျိုးရိုးဗီဇတွေထဲက တစ်ခုသာဖြစ်သေးတယ်။ ဒါပေမဲ့ ကုသမှုသစ်တွေ ပေးနိုင်ဖို့အတွက် လမ်းစတစ်ခုဖြစ်မယ်လို့ခန့်မှန်းကြောင်း ပါမောက္ခမက်ကေးကပြောပါတယ်။              Source : bernama.com