အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ကုန်ကျမည့် မြန်မာဘောလုံးအကယ်ဒမီ(ရန်ကုန်)ကို ရှစ်လအတွင်း အပြီးတည်ဆောက်သွားမည်

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့်ကုန်ကျမည့် မြန်မာဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ရန်ကုန်မြို့ သုဝဏ္ဏရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင် မြက်ခင်းတုကွင်းအနီးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ  မြန်မာဘောလုံးအကယ်ဒမီကို ရှစ်လနှင့်အပြီးတည်ဆောက်သွား မည်ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ အမေရိကန်ဒေါ်လာငါးသိန်း ထောက် ပံ့ပေးမည်ဖြစ်ရာ ထပ်မံလိုအပ်သည့်အမေရိကန်ဒေါ်လာ နှစ်သန်းကို ဧရာဝတီ ဖောင်ဒေးရှင်းမှ ပံ့ပိုးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာဘောလုံးအကယ် ဒမီ(မန္တလေး)နှင့် မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်)တို့ကို  တည်ဆောက်ဖွင့်လှစ် ထားပြီးဖြစ်သည်။ထို့ကြောင့် မြန်မာဘောလုံးအကယ်ဒမီ(ရန်ကုန်)သည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ တတိယမြောက်ဘောလုံးအကယ်ဒမီဖြစ်လာခဲ့ပြီး သက်တမ်းအလိုက် လက်ရွေးစင်ကစားသမားများကို မွေးထုတ်ပေးလျက်ရှိ ကာ ၂၀၁၄ ခုနှစ်တွင် ဘိုင် ယန်မြူးနစ်လူငယ်ဘောလုံး ပွဲတော်သို့ အဆိုပါဘောလုံးအကယ်ဒမီများမှ လူငယ် ကစားသမားများ သွားရောက်ခဲ့သည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်လျက်ရှိ သည့် ဘောလုံး အကယ် ဒမီ ကျောင်းများသည် အသက် ၁၁နှစ်အရွယ်မှ အသက် ၁၅နှစ်အရွယ်ရှိသည့်ကျောင်း သားများကိုလက်ခံကာ ဘောလုံးပညာရပ်များကို သင်ကြားပေးသည့်အပြင်အတန်း ပညာရပ်များကိုလည်းသင်ကြားပေးလျက် ရှိကြောင်း သိရသည်။