Main menu

Background

ငွေပေါ်ဖို့ ကျဈေးနဲ့ ထုတ်ရောင်းနေတဲ့ ရှမ်းပဲစင်းငုံ

Mon, 09/27/2010 - 03:36 -- Anonymous (not verified)

ငွေပေါ်ဖို့ ကျဈေးနဲ့ ထုတ်ရောင်းနေတဲ့ ရှမ်းပဲစင်းငုံ      စက်တင်ဘာ စတုတ္ထပတ်မှာ ရှမ်းပဲစင်းငုံတွေကိုလည်း အကျဈေးနဲ့သာပြန်ထုတ်ရောင်းနေကြပါတယ်။ ဈေးကောင်းလာမလားလို့ မျှော်နေတဲ့ ပဲကုန်သည်တွေကတော့ အသစ်ထွက်လာတဲ့ပြောင်း၊ ပဲပုပ်၊ သနပ်ဖက်တွေ ကို ပြန်ပြီးဝယ်ယူလိုတာကြောင့် ငွေပေါ်ဖို့အတွက် အကျဈေးနဲ့သာ ထုတ်ရောင်း နေကြရပါတယ်။ ဇူလိုင်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၁၁၂ဝ ကျပ်မှ အမြင့်ဆုံး ၁၃၂ဝ ကျပ်ရှိခဲ့ပါတယ်။ ကုန်သည်တွေကလည်း ဒီထက်ပိုဈေးတက် နိုင်မယ်ထင်ပြီး စောင့်နေကြပေမဲ့ သြဂုတ်လမှာ ဈေးပြန်ကျလာပြီး တစ်ပိဿာ ၉၅ဝ ကျပ်မှ အမြင့်ဆုံး၁၁၆ဝ ကျပ်ရှိပါတော့တယ်။ စက်တင်ဘာလဆန်းမှာ ဈေးက ထပ်ကျလာပြီးတစ်ပိဿာကို အနိမ့်ဆုံး ၉ဝဝ ကျပ်မှ အမြင့်ဆုံး ၉၇၅ ကျပ်သာရှိပါတော့တယ်။ကုန်သည်တွေကလည်း ပစ္စည်းအသစ်ပေါ်တာတွေကို ဝယ်လိုတာကြောင့် လက်ထဲရှိနေတဲ့ပစ္စည်းကို အကျဈေးနဲ့သာ ထုတ်ရောင်းနေရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ပဲစင်းငုံပေါက်ဈေးက တစ်ပိဿာ ၉၅ဝ ကျပ်သာရှိပါတယ်။ ဈေးကျနေပေမဲ့ အရောင်း ကတော့ သွက်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန် ဝယ်လက်တွေကသာ အဓိက ဝယ်ယူနေကြပြီး တစ်ပတ်အတွင်း ပိဿာချိန် ၃ ဒသမ ၆သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                             ဧဧခိုင်