Main menu

Background

မတ်ပဲ တင်ပို့မှု သွက်လက်ဆဲ

Mon, 09/27/2010 - 03:45 -- Anonymous (not verified)

မတ်ပဲ တင်ပို့မှု သွက်လက်ဆဲ      ပင်လယ်ရေကြောင်းကနေ မတ်ပဲတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်းသွက်လက်နေဆဲဖြစ်တာ တွေ့ရပါတယ်။ စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိတန်ချိန် ၁၁ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ အိန္ဒိယမှာ မတ်ပဲအသစ်တွေထွက်နေပြီ ဖြစ်ပေမဲ့ စက်တင်ဘာလအတွင်းမှာ မထင်မှတ်ဘဲ အိန္ဒိယဝယ်လက်အဝယ်သွက် နေတယ်လို့ သိရပါတယ်။ ဒါကြောင့် စက်တင်ဘာလကုန်ထိ တင်ပို့မှုအားကောင်းနေအုံးမယ်လို့ ကုန်သည်များက ဆိုပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁ဝ-၂ဝ၁၁ ရဲ့စက်တင်ဘာလ ၁၇ ရက်အထိ တင်ပို့မှုကို လေ့လာရာမှာ တန်ချိန်၂၅ဝဝဝဝ ခန့်ရှိပြီဖြစ်လို့ ယခင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်ရဲ့ ကာလတူတင်ပို့မှုတန်ချိန် ၂၉ဝဝဝဝ ခန့်နဲ့ နှိုင်းယှဉ်ရင်တော့ တန်ချိန် ၄ဝဝဝဝ ခန့် အတင် လျော့တာတွေ့ရှိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန်                  မတ်ပဲ(FAQ)        (SQ)၂၃-၉-၁ဝ       ၉၅ဝ-၉၆ဝ       ၁၁၁ဝ-၁၁၂ဝ၁၇-၉-၁ဝ       ၉၆ဝ-၉၇ဝ       ၁၁ဝဝ-၁၁၁ဝMIRT(MAPT)