Main menu

Background

ပဲတီစိမ်း ယခင်ဘဏ္ဍာနှစ်နီးပါး တင်ပို့နိုင်

Mon, 09/27/2010 - 04:51 -- Anonymous (not verified)

 ပဲတီစိမ်း ယခင်ဘဏ္ဍာနှစ်နီးပါး တင်ပို့နိုင်    အိန္ဒိယမှာ ပဲတီစိမ်းအသစ်တွေ ပေါ်လာပြီဖြစ်လို့ လတ်တလောဈေးကွက်ထဲမှာ အိန္ဒိယဝယ်လက် အဝယ်ထိုင်းပေမဲ့တရုတ်ဘက်က အဆွဲရှိနေလို့ စုစုပေါင်းတင်ပို့မှုကို ကြည့်မယ်ဆိုရင်တော့ ယခင်ဘဏ္ဍာနှစ် ကာလတူ ပမာဏနီးပါး အတင်ရှိတာတွေ့ရပါတယ်။ ယခင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်စမှ စက်တင်ဘာလ ၁၇ ရက်အထိ ပဲတီစိမ်းပြည်ပတင်ပို့မှုဟာ တန်ချိန်၁၂၈ဝဝဝ ခန့်ရှိသလို လက်ရှိ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ကာလတူတင်ပို့မှုကလည်း တန်ချိန် ၁၂၂ဝဝဝ ကျော်ထိအမီလိုက်နေတာ တွေ့ရပါတယ်။ ယခုလအတွင်း ပါကစ္စတန်ဘက်ကလည်း ပဲတီစိမ်းဝယ်လိုမှုတွေရှိတယ်လို့ သိရပါတယ်။ဒါပေမဲ့ လက်ရှိကုန်သည်တွေ ရောင်းလိုတဲ့ဈေးနဲ့ အဝယ်နည်းတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ စက်တင်ဘာလ ၂၃ ရက်မှာလည်း အညာ ( FAQ)  တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ၊ ပခုက္ကူ (FAQ) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ-၁ဝ၇ဝ ရှိပြီး ပဲတီစိမ်းရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၁၈ဝ-၁၂ဝဝ ဈေးရှိတယ်လို့သိရပါတယ်။MIRT - MAPT