Main menu

Background

လက်ငင်းအဝယ်ရှိလာလို့ အိန္ဒိယကုလားပဲ ဈေးမြင့်လာ

Mon, 09/27/2010 - 05:27 -- Anonymous (not verified)

 လက်ငင်းအဝယ်ရှိလာလို့ အိန္ဒိယကုလားပဲ ဈေးမြင့်လာ           အိန္ဒိယမိုးရာသီ ပဲစိုက်ဧရိယာဟက်တာ သိန်း ၂ဝ ခန့်ကို တိုးတက်စိုက်ပျိုးနိုင်လို့ စံချိန်တင်ထွက်ရှိမယ့် အခြေအနေ တွေကြောင့် ပြည်တွင်းဈေးကွက်တွေမှာ ယခင်ရက်တွေက ပဲမိုျးစုံဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ လက်ငင်းအဝယ်မြင့်တက်မယ့်အလားအလာကြောင့်ကုလားပဲကြိုပွိုင့်ဈေး တစ်တန်ကို ရူပီး ၁၃ဝ (ကန်ဒေါ်လာ ၂ ဒသမ ၈) မြင့်တက်ပြီးရူပီး ၂ဝ၉၅ဝ (ကန်ဒေါ်လာ ၄၆၂) ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။         လက်ထပ်ပွဲများနဲ့ ဘာသာရေးပွဲတော်များအတွက် ဝယ်လိုအား ကောင်းမယ့်အခြေအနေများအပြင် အဓိကစိုက်ပျိုးတဲ့ ရာဂျက်စသန်နဲ့ ဂူဂျာရက်က ပဲဝင်ရောက်မှု အကန့်အသတ်သာရှိခြင်းက ကြိုပွိုင့်ဈေး အမြင့်ဘက်ကို ဦးတည်စေပါတယ်။ ကာလရှည်မှာတော့ အခြားပဲအသစ်ဈေးများ ကျဆင်းခြင်းနဲ့ ပဲအဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ ကုလားပဲစိုက်ပျိုးမှု တိုးတက်မယ့် အခြေအနေ တွေရှိခြင်းတို့ကြောင့် ဈေးလျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်၊Sources: PTI