Main menu

Background

ပဲလွန်းဖြူလည်း ဆက်လက်တင်ပို့နေဆဲပါ

Mon, 09/27/2010 - 05:44 -- Anonymous (not verified)

 ပဲလွန်းဖြူလည်း ဆက်လက်တင်ပို့နေဆဲပါ          အခြားပဲ အမိုျးအစားတွေထဲမှာ ပင်လယ်ရေကြောင်းက တင်ပို့မှုအားကောင်းတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်)အတွင်း မှာလည်း တန်ချိန် ၃ဝဝ ခန့်နဲ့ ဆက်လက် တင်ပို့နေတာ တွေ့ရပါတယ်။တင်ပို့တဲ့ နိုင်ငံများကတော့ အင်ဒိုနီးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ ယူအေအီးနိုင်ငံများ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁ဝ-၂ဝ၁၁ အတွင်း စက်တင်ဘာလ၁၇ ရက်အထိ တင်ပို့မှုကို လေ့လာမယ် ဆိုရင် တန်ချိန် ၁၅ဝဝဝ ကျော်ရှိတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်ရဲ့ ကာလတူတင်ပို့မှု တန်ချိန်၂၁ဝဝဝ ကျော်နဲ့ နှိုင်းယှဉ်ရင်တော့ တင်ပို့မှု လျော့ကျတာတွေ့ရပါတယ်။        ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ FAQ တစ်တန်ကိုကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ပြီး၊အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆၅ရှိတာ တွေ့ရပါတယ်။ MIRT - MAPT