Main menu

Background

နယ်စပ်က ပဲယင်းကို နည်းနည်းနဲ့ မှန်မှန် တင်ပို့နေ

Mon, 09/27/2010 - 05:54 -- Anonymous (not verified)

 နယ်စပ်က ပဲယင်းကို နည်းနည်းနဲ့ မှန်မှန် တင်ပို့နေ       မြန်မာအန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပဲယင်း၈ ဒသမ ၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၉ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ဧပြီလမှ သြဂုတ်လထိ နယ်စပ်မှ ပဲယင်းတင်ပို့နိုင်မှုဟာ ၂၃၂၄ တန်ရှိပြီ ဖြစ်ပါတယ်။စက်တင်ဘာလ ပထမပတ်မှာလည်း ပဲယင်း ၁၉ တန်ခွဲ တင်ပို့ထားပြီး ဖြစ်ပါတယ်။စက်တင်ဘာလ ဒုတိယပတ်မှာ တင်ပို့ခဲ့ခြင်းမရှိဘဲ ယခု အပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ မိမိဘက်မှာ မြေပြင်ပေါက်ဈေး ၆၉၂၃ဝ၇ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံပေါက်ဈေးကတော့ ဒေါ်လာ ၇ဝဝ ဝန်းကျင်ခန့်ရှိပါတယ်။    MIRT (DOBT)