Main menu

Background

လက်ကျန်နည်းပေမဲ့ မြေထောက်ပဲတင်ပို့နေဆဲ

Mon, 09/27/2010 - 05:54 -- Anonymous (not verified)

 လက်ကျန်နည်းပေမဲ့ မြေထောက်ပဲတင်ပို့နေဆဲ       ပြည်တွင်းဈေးကွက်များမှာ မြေထောက်ပဲ လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ယခုတစ်ပတ်မှာ တန်ချိန် ၂ဝဝ ကျော် တင်ပို့မှု ရှိနေသေးတာတွေ့ရပါတယ်။ ဒီတစ်ပတ် (စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ) တင်ပို့တဲ့ နိုင်ငံတွေကတော့ထိုင်း၊ အိန္ဒိယနဲ့ ရှရှားတို့ဖြစ်ပါတယ်။ လက်ရှိ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်ရဲ့ စက်တင်ဘာလ ၁၇ ရက်အထိ စုစုပေါင်းတင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ကျော်ရှိပြီး ယခင်၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်ရဲ့ ကာလတူ တင်ပို့မှုမှာ တန်ချိန် ၇ဝဝဝ ကျော်ရှိလို့ယခုနှစ်မှာ တန်ချိန် ၂ဝဝဝ ခန့် လျော့ကျတင်ပို့တာတွေ့ရှိရပါတယ်။ပြည်ပအဝယ်ရှိပေမဲ့ ယခင်နှစ်က ရာသီဥတုအခြေအနေအရ အထွက်လျော့ကျတာကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်က မြေထောက်ပဲ FAQတစ်တန်ကို ကန်ဒေါ်လာ ၆၇ဝ-၆၈ဝ ရှိရာမှ ယခုတစ်ပတ် စက်တင်ဘာလ ၂၃ရက်နေ့မှာတော့ ကန်ဒေါ်လာ ၆၉၅-၇၁၅ ကို တိုးလာတာတွေ့ရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲ polished တစ်တန်ကို ကန်ဒေါ်လာ ၇၇၉၊ unpolished တစ်တန်ကို ကန်ဒေါ်လာ ၇၅၇ ဖြစ်ကြောင်း သိရပါတယ်။                                                                                MIRT - MAPT