Main menu

Background

ဝယ်လိုအားရှိပေမဲ့ လက်ကျန်နည်းလာတဲ့ ပြည်ထောပတ်ပဲ

Mon, 09/27/2010 - 06:14 -- Anonymous (not verified)

 ဝယ်လိုအားရှိပေမဲ့ လက်ကျန်နည်းလာတဲ့ ပြည်ထောပတ်ပဲ       ပြည်ဈေးကွက်တွင် အခြားပဲများမှာ လက်ကျန်အသင့် အတင့် ရှိခဲ့ကြသော်လည်း ထောပတ်ပဲကတော့ လက်ကျန် မရှိသလောက် ဖြစ်နေပါပြီ။ လက်ကျန်နည်းခဲ့ပေမဲ့ ဈေးနှုန်းမှာ အတက်အကျမရှိဘဲ စက်တင်ဘာ လဆန်းမှစပြီး တစ်တင်းကို ၂၆၅ဝဝ ကျပ်ဖြင့်ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲမှာဝယ်လိုအားရှိပေမယ့် လက်ကျန်နည်းခဲ့လို့ လက်လီ သမားများနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ကြတဲ့အတွက် တစ်ရက်ကို အိတ် ၁၅ ၊ ၂ဝ ခန့်သာ ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်။                                                                                                             ခင်ဆွေဝင်း