ရာသီဥတုအခြေအနေ၊ ပဲပုပ်ဆီဈေးမြင့်တက်မှုတို့ကြောင့်စားအုန်းဆီကြမ်းဈေးမြင့်လာ ပဲပုပ်ဆီကြိုပွိင့်ဈေးမြင့်လာခြင်းနဲ့ ရင်းနှီးမြုပ်နံှသူများ အဝယ်ရှိလာခြင်းတို့ကြောင့်စက်တင်ဘာလ ၂၂ ရက်နေ့မလေးရှား ကုန်စည်ဒိုင် မှာ စားအုန်းဆီကြမ်း ကြိုပွိင့်ဈေးမြင့်တက်လာခဲ့ပါတယ်။ ဒီဇင်ဘာအခြေခံစာချုပ် ဈေးဟာတစ်တန်ကို ၃ ရင်းဂစ်မြင့် လာပြီး ရင်းဂစ် ၂၆၇၃ (ကန်ဒေါ်လာ ၈၆၅) ဈေးနဲ့ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ မိုးသည်းထန်နေခြင်းကစက်တင်ဘာလ ထွက်ရှိမှုကို လျော့နည်းစေတဲ့ အလားအလာကြောင့် လာမယ့်ရက်တွေမှာ ဈေးထပ်မံမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်များက ပုံမှန်ထက်မိုးပိုမိုရွာသွန်းခြင်းက အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီသယ်ယူမှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ စားအုန်းဆီဒုတိယ အများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ Sabah ပြည်နယ်ရဲ့ စက်တင်ဘာလထုတ်လုပ် မှုဟာ သြဂုတ်လ ထုတ်လုပ်မှုတန်ချိန် ၄၇၉၉၇၃ ထက် ၂ ရာခိုင်နှုန်း -၅ ရာခိုင်နှုန်း ခန့်လျော့ကျနိုင်လို့ ဈေးအတက်ဘက်ကို သွားနိုင်တယ်လို့ စိုက်ပျိုးထုတ်လုပ်သူများက ဆိုပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်ဆီ အဓိကတင်သွင်းတဲ့ အိန္ဒိယရဲ့ ဝယ်လိုအားပုံမှန်ရှိခြင်းကလည်း ဈေးကွက်အတွက် ဝမ်းမြောက်ဖွယ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။အိန္ဒိယဟာ ယခုနှစ်မှာ စားအုန်းဆီတင်သွင်းမှုတန်ချိန် ၇ သိန်းဝန်းကျင်တိုးတက်နိုင်တယ်လို့ အိန္ဒိယအခြေစိုက် စားဆီတင်သွင်းတဲ့ Dipak Enterprise ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ Govindlal G- Patelမှ ပြောကြားပါတယ်။ မလေးရှား FOB ဈေးအနေနဲ့ စားအုန်းဆီခဲ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊မတ်လအတွက် ဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ ဖြစ်ပြီး၊ ဧပြီ၊ မေ၊ဇွန်လအတွက် စာခုျပ်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝ၂ ဒသမ ၅ဝ ဈေးဖြစ်တယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးမှာတစ်တန်ကို ရူပီး ၂၇၄ဝ (ကန်ဒေါ်လာ ၈၂ဝ) ဈေးဖြစ်တယ်လို့ သိရပါတယ်။ယုဇန Sources: palmoil / hq .com
Background