ပခုက္ကူက ယောနှမ်းဈေးကွက် ပခုက္ကူခရိုင်နဲ့နှိုင်းစာရင် ဂန့်ဂေါခရိုင်ဘက်မှာ ပုံတောင်ပုံညာတောင်တန်းနဲ့မြစ်သာမြစ်လွင်ပြင်တို့က ရာသီဥတုသာတာ ကြောင့် သီးနံှတွေအထွက်ပိုကောင်းတတ်ပါတယ်။ ဒီနှစ်လည်း ပခုက္ကူဝန်းကျင်စိုက်တဲ့ ပြင်နှမ်းတွေထက် ယောဘက် ကဆင်းတဲ့ယောနှမ်း ကပိုများပါတယ်။ တစ်နေ့ကို နှမ်းအိတ် ၉ဝဝ-၁ဝဝဝ-၁၅ဝဝ ပခုက္ကူကို ဝင်နေ ပါတယ်။ တရုတ်ဘက်ကို အရောင်းများတဲ့ နှမ်းနက်ကတစ်တင်း ၂၅ဝဝဝ ကျပ် ရှိပြီး၊ နှမ်းနီနှမ်းဝါက ၂၁ဝဝဝ ကျပ် ပေါက်ပါတယ်။ ယခင်နှစ်ကထက် ယောနှမ်း အထွက်ပို တဲ့အတွက် တောင်သူတွေ ဝင်ငွေကောင်းနေတယ်လို့ သိရပါတယ်။ MMA - ပခုက္ကူ
Background