နယ်စပ်ပဲပုပ်အတင် စက်တင်ဘာမှာတိုးတက် မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့်တစ်ဖက်နိုင်ငံသို့ ပဲပုပ်စေ့ ၁၂၄ ဒသမ ၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၇၉ သန်းဖိုး တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်က ၁၄၃ ဒသမ ၅ တန် တင်ပို့ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လ အထိ ကာလအတွင်း ဇွန်လမှာ ၃၆ တန်နဲ့ ဇူလိုင်လမှာ ၂ တန် စုစုပေါင်း ၃၈ တန်သာ နယ်စပ်မှ တင်ပို့နိုင်ခဲ့တဲ့ အတွက် စက်တင်ဘာလအတွင်းမှာ တင်ပို့မှု အရှိန် ရလာတယ် လို့ သိရပါတယ်။ ယခုအပတ်မှာ ယခင် အပတ်ကထက် မိမိဘက်မှာ ပဲပုပ်စေ့ဈေး အနည်းငယ် လျော့ကျခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှု မရှိဘူးလို့လည်း သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ ပေါက်ဈေး များကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။ ပဲပုပ် မိမိဘက် (ကျပ်/တန်) ယခု ယခင် ပြောင်းလဲမှု % ၅၂ဝ၄၃၉ ၅၂၃၈၄၅ ၃၄ဝ၆ ဝ .၆၅ ပဲပုပ် တစ်ဘက်နိုင်ငံ (ယွမ်/တန်) ယခု ယခင် ပြောင်းလဲမှု % ၄ဝဝဝ ၄ဝဝဝ -MIRT(DOBT)
Background