Main menu

Background

အဝယ်မရှိလို့ မတ်ပဲ

Tue, 09/28/2010 - 04:39 -- Anonymous (not verified)

      အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် သယ်ယူပို့ဆောင်မှု အခက်အခဲဖြစ်ကာ ရောင်းချဖြန့်ဖြူးမှုကိုအဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ၁၅ ဒသမ ၄၆ ရာခိုင်နှုန်းကို မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ပဲမျိုးစုံဈေးနှုန်းက ၄ဒသမ ဝ၁ရာခိုင်နှုန်း၊ ဂံျုဈေးက ၉ ဒသမ၂၁ ရာခိုင်နှုန်း နဲ့ ဆန်ဈေးက ၅ ဒသမ ၅၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။အဝယ်မရှိလို့ မတ်ပဲ     ဈေးကျဆင်း အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ပဲပြုပြင်ထုတ်လုပ်သူများက အဝယ်မရှိလို့ ယခုတစ်ပတ်အတွင်း မတ်ပဲဈေးဆက်လက် ကျဆင်းခဲ့ပါတယ်။ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ ပဲရိတ်သိမ်းမှု အရှိန်အဟုန်ရလာပြီဖြစ်လို့ လာမယ့်ရက် တွေမှာ ပဲအသစ်ဝင်ရောက်မှု တိုးလာမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးဌာနစာရင်းအရ စက်တင်ဘာလ ၁ဝရက်နေ့အထိ မတ်ပဲစိုက်ပျိုးမှုဧရိယာဟက်တာ ၂၂ ဒသမ ၄၃ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ    ၂ဝ ဒသမ ဝ၈ သိန်းထက်၂သိန်း    ကျော်ပိုမိုနေပါတယ်။ ကာလတိုအတွင်း မတ်ပဲဈေး ဆက်လက်လျော့ကျမယ ်လို့သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်-ဇယား-၁                                                                        ဒေါ်လာ/တန်  ဈေးကွက်        ၂၃ .၉ .၁ဝ       ၂၂ .၉ .၁ဝ         ၂၁ .၉ .၁ဝ            ၂ဝ .၉ .၁ဝ မွန်ဘိုင်း          ၁ဝ၃၁-၁ဝ၆၄           -               ၁ဝ၉၃-၁၁၁၅             ၁ဝ၉၇ဒေလီ                ၁၁ဝ၂            ၁၁ဝ၄                  ၁ဝ၉၃                  ၁ဝ၉၇ချန်နိုင်း           ၁ဝ၄၂-၁၂၅ဝ       ၁ဝ၅၄-၁၂၆၃     ၁ဝ၃၉-၁၂၅၇       ၁ဝ၆၃-၁၂၈၃