Main menu

Background

ပဲတီစိမ်ဈေး ပြန်ခိုင်လာ

Tue, 09/28/2010 - 05:10 -- Anonymous (not verified)

 ပဲတီစိမ်ဈေး ပြန်ခိုင်လာ        ပြည်တွင်းလက်ငင်းဈေးကွက်များမှာ အဆက်မပြတ်ဝယ်ယူမှုတွေရှိလာလို့ ဒီတစ်ပတ် ပဲတီစိမ်းဈေး ပြန်ခိုင်လာတာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်ခြင်းက ဈေးကွက်တွေကိုပဲဝင်ရောက်မှု ထိခိုက်တဲ့အတွက်ကြောင့်လည်း ဈေးမာလာခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဌာနရဲ့ စက်တင်ဘာလ ၁ဝရက်နေ့ စာရင်းအရ ပဲတီစိမ်းစိုက်ပျိုးမှုဟာ ဟက်တာ ၂၅ ဒသမ ၇၇ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၂၂ဒသမ ၄ဝသိန်းထက် ဟက်တာ ၃သိန်းကျော်ပိုမိုတာ တွေ့ရပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို တင်သွင်းပဲတီစိမ်း အသစ်တွေ ဝင်ရောက်လာတဲ့အပြင် ပြည်တွင်းပဲအသစ်များလည်း တိုးတက်ဝင်လာတော့မှာဖြစ်လို့ ကာလတို အတွင်း ဈေးနှုန်းကျဆင်းနိုင်တယ်လို့ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃                                                                                             ဒေါ်လာ/တန် ဈေးကွက်                ၂၃ .၉ .၁ဝ          ၂၂ .၉ .၁ဝ            ၂၁ .၉ .၁ဝ           ၂ဝ .၉ .၁ဝချန်နိုင်း (ပဲတီရွှေဝါ)    ၉၆၅-၉၇၆            ၉၆၆-၉၇၇                ၉၆၂                    ၉၆၅ဒေလီ (ပဲတီစိမ်း)        ၁ဝ၃၁-၁ဝ၅၃       ၁ဝ၃၂-၁ဝ၅၄        ၁ဝဝ၆-၁ဝ၂၈          ၁ဝဝ၉-၁ဝ၃ဝအင်ဒိုရီ                          -                      -                         ၈၃၁                   ၈၃၃