ဘရစ်စတုန်းနှင့် ဂွတ်ရီးယား ၄ နှစ်အတွင်း အဆိုးဆုံးရော်ဘာပြတ်လပ်မှုကြုံ ကမ္ဘာ့အကြီးဆုံး တာယာလုပ်ငန်းဖြစ်တဲ့ ဘရစ်စတုန်းကုမ္ပဏီဟာ ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဥရောပဈေးကွက်ကိုဈေးနှုန်းမြင့်လိုက်ကြောင်းသိရပါတယ်။ ဂွတ်ရီးယားတာယာနဲ့ ရော်ဘာကုမ္ပဏီက ၂ဝဝ၇ ခုနှစ်ကတည်းကကြီးမားတဲ့ ရော်ဘာပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရတာကြောင့် ရော်ဘာပိုမိုရရှိလိုတယ်လို့ သိရပါ တယ်။ ဒီနှစ် မိုးဦးမှာ မိုးခေါင်မှုဖြစ်ပြီး မိုးနှောင်းပိုင်းမှာ ရွာသွန်းမှုများတာကြောင့် အာရှစိုက်ပျိုးရေးလုပ်ငန်း တွေမှာ ရော်ဘာအစေးထွက်ရှိမှုကို ထိခိုက်ခဲ့ ရတယ်လို့ ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်ရေးနဲ့ ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ဗွန်းဘန်ဒစ် ကုမ္ပဏီရဲ့ဦးဆောင်ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။ အနည်းဆုံး ၂ နှစ်အတွင်း ဝယ်လိုအား တစ်ရှိန်ထိုး တက်လာပြီး ကမ္ဘာ့ထုတ်လုပ်မှုကတော့ ကျဆင်းနေအုံးမှာ ဖြစ်တယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ လက်အိတ်နဲ့ကွန်ဒုံး ထုတ်လုပ်ရာမှာသုံးတဲ့ ကုန်ကြမ်း သိုလှောင်မှုဟာ လာမယ့်နှစ်မှာ ၁၂ ရာခိုင်နှုန်းကျဆင်းပြီး ၁ဝ စုနှစ်အတွင်း အဆိုးဆုံး အခြေအနေဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဂိုးမန်းဆပ်ချ်အုပ်စုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သုံးစွဲမှုဟာရောင်းလိုအား ထက် သာလွန်ပြီး ၁၂၇ဝဝဝမက်ထရစ်တန်ဖြစ်နိုင်တယ်လို့ ဘဏ်ရဲ့ပျမ်းမျှခြင်းစာရင်းအရသိရပါတယ်။ စင်္ကာပူရဲ့အလားအလာ ကတော့ မတ်လမှာဈေးနှုန်း၂ဝ ရာခိုင်နှုန်းလောက်ခုန်တက်သွားနိုင်ကြောင်း နယူးအေရှ်ဂျပန်ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးက ခန့်မှန်းခဲ့ပြီး တစ်ကီလိုဂရမ်ကို၄ ဒသမ ၂ဝ ဒေါ်လာလောက်ရှိနိုင်တယ်လို့သိရပါတယ်။ ရော်ဘာရောင်းချရ နှုန်းက ၆ နှစ်အတွင်းအများဆုံးဖြစ်ပြီး ၂ဝဝ၇ကတည်းက ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်တာ အမြန်ဆုံးနှုန်းဖြစ် တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကပြောခဲ့ပါတယ်။ထိပ်တန်းရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ စိုက်ပျိုးမြေတွေရေဝပ်ခြင်းနဲ့ ရိတ်သိမ်းချိန်နောက်ကျခြင်းတို့ ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ဒုတိယ အကြီးဆုံးတာယာထုတ်လုပ်ရေးဖြစ်တဲ့ မီချီလင်းကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ကုန်ပစ္စည်း ကုန်ကျစရိတ်ဟာ တစ်နှစ်လုံးဝင်ငွေနီးပါးရှိနိုင်ပြီး ယူရို ၆၅ဝ သန်း (ဒေါ်လာ ၈၅ဝ သန်း) ရှိနိုင်တယ်လို့ ၎င်းကုမ္ပဏီကဆက်လက် ပြောကြားခဲ့ပါတယ်။ ရှေ့အလားအလာကတော့ မတ်လလောက်မှာ စင်္ကာပူကုန်စည်ဒိုင်မှာ ၁၄ ရာခိုင်နှုန်းဈေးတက်ပြီး တစ်ကီလိုဂရမ်ကို၄ ဒေါ်လာလောက်ရှိနိုင်ကြောင်း ပွဲစားများနဲ့သုတေသီများရဲ့ လေ့လာမှုအရသိရပါတယ်။ ထုတ်လုပ်ရေးတွေ ၆ ရာခိုင်နှုန်းကျဆင်းနိုင်ပြီးလာမယ့်နှစ်မှာတန်ချိန် ၂ ဒသမ ဝ၅ သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း တိုကျိုရှိဂိုးမန်ဆပ်ချ်ကုမ္ပဏီမှ သုတေသီများက ခန့်မှန်းကြပါတယ်။ ဒီနှစ်ကုန်မှာ လာနီညာရာသီဥတု ဖြစ်စဉ်ကို ခံစားရဖွယ်ရှိကြောင်း ထိုင်းမိုးလေဝသဌာနကပြောကြားခဲ့ပါတယ်။ ဒါကြောင့်တစ်နိုင်ငံလုံးစိုက်ပျိုးရေးရဲ့ ၆၈ ရာခိုင်နှုန်းရှိတဲ့ တောင်ပိုင်းဒေသမှာ သာမန်ထက်ပိုပြီး မိုးရေချိန်မြင့်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီနှစ် ကမ္ဘာသုံးစွဲမှု ၉ ဒသမ ၄ ရာခိုင်နှုန်းတက်ပြီး တန်ချိန် ၁ဝ ဒသမ ၃၁ သန်းရှိကာ၂ဝဝ၄ ခုနှစ်ကလည်း အမြင့်ဆုံးစံချိန်ကိုရောက်ခဲ့ကြောင်း စင်္ကာပူအခြေစိုက် ၁၆ နိုင်ငံနဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်တွေပါဝင်တဲ့ကမ္ဘာ့ ရော်ဘာလေ့လာရေးအုပ်စုက ပြောခဲ့ပါတယ်။ ထုတ်လုပ်မှုထက် ဝယ်လိုအားတန်ချိန် ၆ သိန်းပိုလံျှနိုင်ပြီး လွန်ခဲ့တဲ့နှစ်က၂၃၇ဝဝဝ တန် ပိုလံျှခဲ့တယ်လို့ သတင်းရရှိပါတယ်။ Sources : commodity advance, KZW
Background