Main menu

Background

အင်ဒိုနီးရှားက သကြားဖြူဝယ်ယူဖို့ရှိပြီး၊ ပါကစ္စတန်က သကြားကြမ်းတင်သွင်းခွန်လျော့ချ

Tue, 09/28/2010 - 08:26 -- Anonymous (not verified)

အင်ဒိုနီးရှားက သကြားဖြူဝယ်ယူဖို့ရှိပြီး၊ ပါကစ္စတန်က သကြားကြမ်းတင်သွင်းခွန်လျော့ချ      အင်ဒိုနီးရှားနိုင်ငံက သကြားထုတ်လုပ်မှုကျဆင်းမယ့် အခြေအနေကိုစိုးရိမ်ပြီး သကြားဖြူတန်ချိန် ၅ သိန်း ခန့်တင်သွင်းသွားမှာဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံမှာလည်း သီးနံှများရေလွှမ်းမိုးမှုကြောင့် သကြားကြမ်းတင်သွင်းခွန်ကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ သကြားဝယ်ယူမှုက ကမ္ဘာ့ဈေးနှုန်းကိုမြင့်တက်စေနိုင်ပါတယ်။ လန်ဒန်မှာ လတ်တလောတင်ပို့ရမယ့် ထိုင်းသကြားဖြူရဲ့ ပရီမီယံတန်ဘိုးဟာ ကန်ဒေါ်လာ ၂ဝဝ ဖြစ်ခဲ့လို့ ဇူလိုင်လမှာ အမြင့်ဆုံးကို ရောက်ရှိခဲ့တဲ့ ကန်ဒေါ်လာ ၂၅ဝ နားနီးကပ်လာပြီလို့ ဆိုပါတယ်။        အရှေ့တောင်အာရှ နိုင်ငံများက သကြားအများဆုံး စားသုံးတဲ့ အင်ဒိုနီးရှား မှာ ယခုနှစ်မိုးတာရှည်တာကြောင့် သကြားအထွက်နှုန်း တန်ချိန် ၂ ဒသမ ၃သန်း ကို ကျဆင်းမယ့်အလားအလာအရ ၂ဝ၁၁ ခုနှစ်အစောပိုင်းစားသုံး ဖို့အတွက် မျှော်မှန်းထားတာထက်ပိုပြီး တန်ချိန် ၄၅ဝဝဝဝ တင်သွင်းသွားမယ်လို့ ကုန်သွယ်ရေးဝန်ကြီး Mari Pangestu မှ ပြောကြားပါတယ်။            အင်ဒိုနီးရှားနဲ့ ပါကစ္စတန်တို့လို သကြားသုံးစွဲနိုင်ငံများရဲ့ ဝယ်ယူမယ့်အလားအလာနဲ့ ထိပ်တန်းသကြား ထုတ်လုပ်တဲ့ ဘရာဇီးရဲ့ သကြားတင်ပို့မှု ပမာဏ များခြင်းတို့ကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဒီဇင်ဘာလ အတွက် သကြားဖြူဈေးဟာ ကန်ဒေါ်လာ ၂ ဒသမ ၂ မြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၆၁ဝဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။             ပါကစ္စတန်နိုင်ငံဟာ သြဂုတ်လမှာ ရေလွှမ်းမိုးပြီး ကြံပင်များ ထိခိုက်ခဲ့ရတာကြောင့် သကြားကြမ်းတင်သွင်းခွန် ၂၅ ရာခိုင်နှုန်းကို လျှော့ချခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်မှာ သကြားတန်ချိန် ၁ ဒသမ ၂ သန်းတင်သွင်းဖို့ တင်ဒါများခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်ဟာ နှစ်စဉ် သကြားတန်ချိန် ၄ ဒသမ၂ သန်း သုံးစွဲပြီး ယခုနှစ်မှာ တန်ချိန် ၃ သန်းခန့်သာထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ယမုံနာSources: Reuters