Main menu

Background

ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၂၅၂ သန်းကျော်ရရှိ

Tue, 09/28/2010 - 08:36 -- Anonymous (not verified)

 ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၂၅၂ သန်းကျော်ရရှိ        မြန်မာနိုင်ငံက မွေးမြူထုတ်လုပ်သည့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိရာ ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၁၇ ရက်နေ့အတွင်း ဒေါ်လာ ၂၅၂ သန်းကျော်ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက  တရားဝင် ထုတ်ဖော်ပြောကြားသည်။       '' မနှစ်က ရေထွက်ကုန်တင်ပို့မှုနဲ့ ဒီနှစ်တင်ပို့ရောင်းချနိုင်မှုကို နှိုင်းယှဉ်ရင် မနှစ်က ဧပြီ ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ တင်ပို့မှုက ဒေါ်လာ ၂ဝ၆ ဒသမ ၄၈၇ သန်းရရှိခဲ့ပါတယ်။ ဒီနှစ်တင်ပို့မှုက ဒေါ်လာ  ၂၅၂ ဒသမဝဝ၆ သန်း ရထားပြီးပါပြီ။ နောက်ထပ် ၁၃ ရက်လောက် တင်ပို့နိုင်မှုက ရရှိမယ့် ဝင်ငွေကလည်း ရှိအုံးမယ်။လက်ရှိ အနေအထား အရကိုပဲ ဒေါ်လာ ၄၅ သန်းကျော်ပိုရထားတာနဲ့ပေါင်းရင် သန်း ၆ဝ ခန့်ပိုရရှိဖို့ ရှိပါတယ်'' ဟု ယင်းဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။          ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်း ၁ ရက်မှ ၁၇ ရက်နေ့အထိ တင်ပို့မှုမှ ဒေါ်လာ ၂၃ ဒသမ ၇၂၃ သန်းရရှိထား သည်ဟုဆိုသည်။                                                                                                         ခင်မျိုးသွယ်