Main menu

Background

တရုတ်ပြည်သို့ ပင်လယ်ကဏန်းတန် ၅၀၀ ခန့်လစဉ် တင်ပို့မှုရှိနေ

Tue, 09/28/2010 - 09:13 -- Anonymous (not verified)

 တရုတ်ပြည်သို့ ပင်လယ်ကဏန်းတန် ၅၀၀ ခန့်လစဉ် တင်ပို့မှုရှိနေ      မြန်မာနိုင်ငံမှ ဖမ်းဆီးရရှိသောပင်လယ်ကဏန်းများကို လစဉ် တန်၅ဝဝ ခန့် နယ်စပ်ကုန်သွယ်ရေး စခန်း ကတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့မှုရှိနေသည်ဟု ဆိုသည်။      '' ကဏန်းကုန်သည်တွေအနေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ကို ကဏန်းတင်ပို့ရာမှာ လစဉ်တန် ၅ဝဝ ခန့်ရှိနေပါတယ်။ အဲဒီပင်လယ် ကဏန်းတွေကို မူဆယ်က ကုန်သည်တွေက ရခိုင်ပြည်နယ်ဘက်ကနေ ဝယ်ယူစုဆောင်းတယ်လို့ သိရပါတယ်။ကဏန်းလေလံဈေးနှုန်းကိုတော့မူဆယ် ၁ဝ၅ မိုင်က သတ်မှတ်ပေးတာပါ '' ဟုကဏန်းတင်ပို့သူတစ်ဦးကပြောကြားပါတယ်။       ၂ဝ၁ဝ ခုနှစ်ဧပြီလ ၁ ရက်မှစက်တင်ဘာလ ၁၇ ရက်နေ့အထိ ကဏန်းပျော့တင်ပို့မှုက ဒေါ်လာ ၄ဒသမ ၆၄ဝ သန်းကိုလည်းကောင်း၊ မူဆယ်တင်ပို့မှုက ဒေါ်လာ ၄ ဒသမ ၆၉၅ သန်း ကိုလည်းကောင်း၊မြဝတီတင်ပို့မှုက ဝ ဒသမ ၅၄၄ သန်းကိုလည်းကောင်း၊ Air Line တင်ပို့မှုက ဒေါ်လာ ၅ ဒသမ ၃၆၈ သန်းကိုလည်းကောင်း၊ မြိတ်တင်ပို့မှုက ဒေါ်လာ ဝဒသမ ဝ၈၃ သန်း ကိုလည်းကောင်း၊ကော့သောင်းတင်ပို့မှုက ဒေါ်လာ ဝဒသမ ၁၁၁ သန်းကို လည်းကောင်း စုစုပေါင်း ဒေါ်လာ ၁၅ ဒသမ ၄၄၁သန်းရရှိထားပြီးဖြစ်ကြောင်းသိရသည်။                                                                                                      ခင်မျိုးသွယ်