Main menu

Background

Crab World မှ ကဏန်းပျော့တန် ၄ဝခန့် လစဉ် တင်ပို့နေ

Tue, 09/28/2010 - 09:19 -- Anonymous (not verified)

Crab World မှ ကဏန်းပျော့တန် ၄ဝခန့် လစဉ် တင်ပို့နေ     Crab World မှ ကဏန်းပျော့များကို လစဉ်တန် ၄ဝ ခန့် ပြည်ပနိုင်ငံများသို့ တင်ပို့နေရကြောင်း ကဏန်း လုပ်ငန်းရှင် များ အသင်းမှသိရသည်။'' ကဏန်းပျော့ထုတ်လုပ်ဖို့အတွက် တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းကကုန်ကြမ်းတွေဝယ်ယူ အသုံးပြုပါတယ်။ လုပ်ငန်းစတင်လည်ပတ်တဲ့ ၂ဝဝ၈ ခုနှစ်မှာ တစ်လကို တန် ၂ဝ လောက်ပျမ်းမျှ တင်ပို့ခဲ့ရပါတယ်။ နောက်တစ်နှစ် မှာ ၁ဝ တန်လောက်တိုးပြီးလုပ်ကိုင်လာရသလို၊ ဒီနှစ်မှာ တန် ၄ဝ လောက်လစဉ် တင်ပို့ လာရပါတယ်။ ဈေးကွက်အနေနဲ့ ဟောင်ကောင်၊ ဂျပန်၊ တရုတ်(တိုင်ပေ)စတဲ့ ၃ နိုင်ငံကို တင်ပို့နေရပါတယ်'' ဟု လုပ်ငန်းရှင် ဦးဖေဝင်းကအတည်ပြု ပြောကြားသည်။     ကဏန်းမှ ကဏန်းပျော့ထုတ်လုပ်ရန်အတွက် (၈ဝ ဂရမ်နှင့် ၁ဝဝ ဂရမ်) ကြား ကဏန်းများကို အောက်ဆီဂျင်ပေး၍ လန်းအောင ်ပြုလုပ်ကာ ကန်ထဲရှိခြင်းတောင်းတွင်ထည့်ကာ သက်တမ်းပြည့်သည့်အချိန်တွင် အရေခွံလဲစေရန် အတွက် ၁၄ ရက်မှ ရက် ၄ဝ အတွင်း အစာကျွေးမွေးရသည်။ ယင်းမှ အခွံ့လဲသည့် အရည်ပျော့ကဏန်းကို ရေချိုတွင်အောက်စီဂျင်ပေး၍ စိမ်ထားကာ လိုအပ်သည့် အချိန်တွင် အေးခဲမှု ပြုလုပ်ကြသည်ဟု ဆိုသည်။                                                               ခင်မျိုးသွယ်