Main menu

Background

ဝယ်လိုအားကောင်းနေပေမဲ့ ပစ္စည်းလက်ကျန်နည်းလာပြီဖြစ်တဲ့ ရှမ်းချင်း

Tue, 09/28/2010 - 10:07 -- Anonymous (not verified)

 ဝယ်လိုအားကောင်းနေပေမဲ့ ပစ္စည်းလက်ကျန်နည်းလာပြီဖြစ်တဲ့ ရှမ်းချင်း     ယခင်တစ်ပတ်ကဈေးငြိမ်နေတဲ့ ချင်းစိုတွေက စစ်တွေဝယ်လက်တွေဝယ်ယူနေတာကြောင့် ဈေးပြန်တက်လာပါတယ်။ အဝယ်လိုက်နေတာကြောင့်ပစ္စည်း ကုန်ခါနီးမှ ဈေးတွေထပ်တက်လာတယ်လို့ သိရပါတယ်။ ဟိုပုံး၊ ဆီဆိုင်နယ်တွေက ချင်းလက်ကျန်တွေနည်းလာပြီဖြစ်တာကြောင့် ချင်းအထွက်များတဲ့နမ့်ခုတ်မြို့နယ်၊ နောင်ယာဆိုင်း၊ ခိုလင်းနယ် ်တွေက လက်ကျန်ချင်းစိုတွေကို ဒေသခံ ကုန်သည်တွေက ဆင်းဝယ်နေကြပါတယ်။ ပြည်ပကဝယ်လိုတဲ့ အမှာတွေ များလာတာကြောင့် ကောက်သင်းကောက်သလို လိုက်ဝယ်နေရတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။        ဒီနှစ်သီးနံှတွေထဲမှာ ရောင်းအားအကောင်းဆုံး သီးနံှဖြစ်နေပါတယ်။ဝယ်လိုအားကောင်းနေပေမဲ့ ပစ္စည်းက တော့ ပြတ်နေပါပြီ။ အခုထွက်တဲ့ ချင်းစိုကပြုတ်ပြီး အခြောက်ခံမရတာကြောင့် လက်ကျန် ချင်းတက်ခြောက်တွေ ကလည်းဈေးထပ် တက်လာပါတယ်။ ဒီတစ်ပတ်ချင်းစိုဈေးက တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၉၅ဝ ကျပ်၊ အောင်ပန်း ဈေးကွက်မှာတစ်ပိဿာ ၁၁၅ဝ ကျပ်ရှိပါတယ်။ချင်းခြောက်ဈေးကတော့ တောင်ကြီးဈေးကွက်မှာ ဈေးအနည်းငယ် တက်လာပြီးတစ်ပိဿာ ၂၇ဝဝ ကျပ်ရှိပါတယ်။ အောင်ပန်းမှာတော့ ချင်းခြောက်တစ်ပိဿာ ၂၅ဝဝကျပ်ရှိတယ်လို့   သိရပါတယ်၊                                                                                                                                        ဧဧခိုင်