Main menu

Background

နနွင်း(ယခင်အပို့ထက် တန် ၂၀ ခန့်လျော့)

Tue, 09/28/2010 - 10:14 -- Anonymous (not verified)

ယခင်အပို့ထက် တန် ၂၀ ခန့်လျော့    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ နနွင်းတန်ချိန် ၃၁ ဒသမ ၄၇တန်ကို စက်တင်ဘာ တတိယအပတ် ်အတွင်း တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက် နိုင်ငံတွေကတော့ ထိုင်းနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ ရီမန်နိုင်ငံကို ၁၄ ဒသမ ၉၇ တန် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို  FOB  တန်ဖိုးကန်ဒေါ်လာ တစ်ထောင့်လေးရာငါးဆယ်ခန့်နဲ့ စုစုပေါင်းပို့ ကုန်ဝင်ငွေ ၄၅၇ဝ၈ ဒသမ ၂ ဒေါ်လာရရှိ ခဲ့ပါတယ်။ ယခင်အပတ်က ၄၂ ဒသမ ၆၃ တန် တင်ပို့နိုင်ခဲ့ပြီး ယခု အပတ် ၃၁ ဒသမ ၄၇တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ထက် တန်ချိန် နှစ်ဆယ်ကျော် လျော့နည်းပြီး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။MIRT (DOT)