Main menu

Background

မူဆယ်နဲ့ စစ်တွေက နနွင်းအပို့ရှိနေ

Tue, 09/28/2010 - 10:18 -- Anonymous (not verified)

 မူဆယ်နဲ့ စစ်တွေက နနွင်းအပို့ရှိနေ   စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နနွင်းတက် ၃၂ ဒသမ ၆  တန် နဲ့   စစ်တွေနယ်စပ်မှ ၄တန်၊ စုစုပေါင်း ၃၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က စစ်တွေ နယ်စပ်မှ ၃ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လအထိ နယ်စပ်မှ နနွင်းတက် တန်ချိန် ၉၃ဝ နီးပါ တင်ပို့ထားပြီးဖြစ်ပါတယ်။မူဆယ်နယ်စပ်မှာ နနွင်းတက် တစ်တန်ကို ၁၄ဝ၃၆ဝဝ ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံမှာ ၂၃ဝဝဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။စစ်တွေနယ်စပ်မှာ နနွင်းတက်တစ်တန်ကို၁၄ဝ၇၆ဝဝ ကျပ်ဈေးပေါက်ပြီး တစ်ဖက်နိုင်ငံပေါက်ဈေးက ၁၃ဝ၅ဝဝ တာကာဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT )