Main menu

Background

ဒေသအရောက်ဆင်းဝယ်နေရတဲ့ ပင်လောင်းနနွင်း

Tue, 09/28/2010 - 10:24 -- Anonymous (not verified)

 ဒေသအရောက်ဆင်းဝယ်နေရတဲ့ ပင်လောင်းနနွင်း    အောင်ပန်းဈေးကွက်မှာ အရောင်းအဝယ်အနည်းငယ်သာဖြစ်ပြီး၊အထွက်များတဲ့ ပင်ရင်းဒေသ ပင်လောင်းနယ်မှာ ပိုပြီး အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ပင်လောင်းနယ်က တောင်သူတွေကလည်း အောင်ပန်း ဈေးကွက်ကိုပို့ရင်သယ်ယူ စရိတ်ကြောင့် ပင်လောင်းပွဲရုံတွေဆီကိုသာ ပို့ကြပါတော့တယ်။ ဝယ်လက်တွေကလည်း အခုဆိုပင်လောင်းထိ ဆင်းဝယ်နေကြပါတယ်။ ကလောနယ် တစ်ဝိုက်က ထွက်တဲ့ လက်ကျန်နနွင်းတွေသာ အောင်ပန်းဈေးကွက်မှာ ကျန်တော့တာကြောင့် အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ တစ်ပိဿာ ၃၁ဝဝ ကျပ်ရှိပြီး၊ ပင်လောင်းမှာလည်း ကြိုက်ရောင်းကြိုက်ဝယ် ဈေးနဲ့ တစ်ပိဿာ ၃၁ဝဝ ကျပ်ဖြစ်နေပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ တစ်ပိဿာ ၃၃ဝဝ ကျပ်နဲ့ ဈေးငြိမ်နေတယ်လို့ ဒေသခံကုန်သည်တွေထံကသိရပါတယ်။                                                                                               ဧဧခိုင်