Main menu

Background

အဝယ်သွက်လာတာကြောင့် အိန္ဒိယနနွင်းဈေးမြင့်လာ

Tue, 09/28/2010 - 10:29 -- Anonymous (not verified)

 အဝယ်သွက်လာတာကြောင့် အိန္ဒိယနနွင်းဈေးမြင့်လာ      အိန္ဒိယဈေးကွက်များကို နနွင်းဝင်ရောက်မှု ပုံမှန်ရှိနေပေမဲ့ ဝယ်လိုအားကောင်းနေတာကြောင့် ကြိုပွိင့် ဈေးရော၊ လက်ငင်းဈေးပါ မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ နိုဝင်ဘာလပို့ရမယ့် နနွင်းဈေးဟာ ၂ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ရူပီး ၁၂၅ဝဝဝ (ကန်ဒေါ်လာ ၂၇၄၆ ) ဖြစ်ခဲ့ပြီးအောက်တိုဘာလ စာချုပ်ဈေးဟာ ၁ ဒသမ ၉၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ရူပီး ၁၂၈၆၂ဝ (ကန်ဒေါ်လာ ၂၈၂၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။     လက်ငင်း ဈေးကွက်တွေမှာလည်း အိန္ဒိယမြောက်ပိုင်းဝယ်လက်များ အဝယ်ရှိနေတာကြောင့် တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ) စီ မြင့် တက် ခဲ့ပြီး၊ နီဇမ်မာဘတ်မှာ တစ်တန်ကို ရူပီး ၁၃၇ဝဝဝ (ကန်ဒေါ်လာ ၃ဝ၁ဝ)နဲ့ အီရော့ ဈေးကွက်မှာ ရူပီး ၁၄၁ဝဝဝ (ကန်ဒေါ်လာ ၃ဝ၉၈) ဖြစ်ခဲ့တယ်လို့သိရပါတယ်။ နနွင်း ဝင်ရောက်မှုအနေနဲ့ နီဇမ်မာဘတ်ကို အိတ် ၂ဝဝ တိုးလာပြီး၊ အိတ် ၅ဝဝ နဲ့ အီရော့ဈေးကွက်ကိုလည်း အိတ် ၁ဝဝဝ တိုးပြီး၊ အိတ် ၅ဝဝဝ ထိ ဝင်လာခဲ့ တယ်လို့သိရပါတယ်။     ၂ဝ၁ဝ စက်တင်ဘာလ ၁၅ ရက်နေ့အထိ အင်ဒရာပရာဒေ့ရှ် စိုက်ပျိုးရေးဌာနရဲ့စာရင်းအရ ယင်းပြည်နယ်မှာ နနွင်းစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ဝဒသမ ၆၄ သိန်းရှိလို့ ယခင်နှစ်စိုက်ဟက်တာ ဝ ဒသမ ၅၉ သိန်းထက်မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ ယင်းဒေသမှာ နနွင်းစိုက်ပိုျးမှုက ရာနှုန်းပြည့်ပြီးစီးပြီလို့သိရပါတယ်။      ဟင်းခတ်အမွေးအကြိုင်အဖွဲ့စာရင်းအရ နယူးယောက်မှာ နိုင်ငံတကာဈေးဟာ စက်တင်ဘာလ ၁ဝ ရက်မှာ ပြီးဆုံးတဲ့သီတင်းပတ်အတွင်း တစ်တန်ကို ကန်ဒေါ်လာ ၅ဝ၇ဝ ဖြစ်ခဲ့ပြီး၊ ယမန်နှစ်ကာလတူက တစ်တန်ကို ကန်ဒေါ်လာ၂ဝ၉ဝ ဈေးရှိခဲ့တယ်လို့သိရပါတယ်။ ယမုံနာ၊Source: commodityonline