Main menu

Background

ယခုအပတ်တန် ၄ဝ ကျော်ပြန်ပို့နိုင်

Tue, 09/28/2010 - 10:36 -- Anonymous (not verified)

 ယခုအပတ်တန် ၄ဝ ကျော်ပြန်ပို့နိုင်      မန်ကျည်းတင်ပို့နိုင်မှုအနေနဲ့ စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက် အတွင်း ပင်လယ်ရေကြောင်းလမ်း ကနေ မန်ကျည်းတန်ချိန် ၄၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁၉၈ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံ ကတော့ အာရပ်စော်ဘွားများပြည် ထောင်စုနိုင်ငံကို တင်ပို့ခဲ့တာဖြစ်ပြီး၊တစ်တန် ကို ပျမ်းမျှ  FOB  ၄၅ဝ ဒေါ်လာနဲ့ တင်ပို့ခွင့်ရရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ပဲ ယခု အပတ်မှသာ ပြန်လည်စုဆောင်း တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။                                                                                                                                                       MIRT (DOT)