Main menu

Background

ယူအေအီးက ဆန်တင်သွင်းမှုပြောင်းလဲလာမယ်ဆိုရင် ပါကစ္စတန်အကျိုးရှိနိုင်

Wed, 09/29/2010 - 03:14 -- Anonymous (not verified)

 ယူအေအီးက ဆန်တင်သွင်းမှုပြောင်းလဲလာမယ်ဆိုရင် ပါကစ္စတန်အကျိုးရှိနိုင်       ယူအေအီးနိုင်ငံက အိန္ဒိယဆန်တင်သွင်းမှုကို လျှော့ချလာမယ်ဆိုရင် ပါကစ္စတန်က ယူအေအီးကို ဆန်တင်ပို့ရမယ့်အခွင့်အလမ်းရရှိလာနိုင်တယ်လို့ ဆန်တင်ပို့သူတစ်ဦးကဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံနဲ့ ယှဉ်ပြိုင်ရမှုကတော့ စိန်ခေါ်နေအုံးမှာပါလို့ ၎င်းကဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂ဝဝ၈ ခုနှစ်မှာ ဘာစမာတီမဟုတ်တဲ့ဆန်တင်ပို့မှုကို ပိတ်ပင်ခဲ့ခြင်းဟာ ယူအေအီးအတွက် အိန္ဒိယအပြင် အခြားနိုင်ငံတွေက ဆန်တင်သွင်းဖို့ဖြစ်လာခဲ့တယ်လို့ ကရာချိဆန်တင်ပို့သူ ှ့Shams U1 Islamကပြောကြားပါတယ်။      ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီးဌာနမှ အစိုးရကို အကြံပြုတာကတော့ အိန္ဒိယနိုင်ငံက ဆန်ဈေးကွက်ဝေစုအမြောက်အမြားကို ရယူထားပေမဲ့ ဆန်ရောင်းချမှု ကျဆင်းလာပြီဖြစ်လို့ အိန္ဒိယနိုင်ငံက ဆန်တင်သွင်းမှုကို ရှောင်ရှားသင့်တယ်လို့ဆိုပါတယ်။ယခင်နှစ်က ယူအေအီးဟာ အိန္ဒိယဆန်ကို ၇၂ ရာခိုင်နှုန်း၊ ပါကစ္စတန်ဆန်ကို ၂၁ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံက၆ ရာခိုင်နှုန်း တင်သွင်းခဲ့ကြောင်း၊ အိန္ဒိယအပေါ် မှီခိုအားထားမှုကို ရှောင်ရှားဖို့နဲ့ ထိုင်းနိုင်ငံက တိုးတက်ဝယ်ယူဖို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိယူအေအီးမှာ ထိုင်းစံပယ်ဆန်မွှေးက ထင်ရှား၊ လူသိများလာလို့ ပါကစ္စတန် တင်ပို့သူများအနေနဲ့ထိုးဖောက်ဖို့ ခက်နေသေးတယ်လို့ဆိုပါတယ်။     ပါကစ္စတန်နိုင်ငံဟာ ယခင်နှစ်က ဆန်တန်ချိန် ၄ ဒသမ ၆ သန်းတင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရရှိခဲ့ပြီး၊ ယခုနှစ်မှာလည်း တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်းသိရပါတယ်။လဝန်း၊ှSource: riceonline