Main menu

Background

အိမ်၊ ခြံ၊ မြေဈေးကွက် အရောင်းအဝယ် အေးနေ

Wed, 09/29/2010 - 06:51 -- Anonymous (not verified)

 အိမ်၊ ခြံ၊ မြေဈေးကွက်အရောင်းအဝယ် အေးနေ      ယခုလတ်တလော အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်း အခြေအနေမှာ သိသိသာသာပြောင်းလဲမှုမရှိသေးသော်လည်း ပြည်တွင်း အခွန်များဦးစီးဌာနမှအခွန်သက်တမ်းတိုးပြီး နောက်ပိုင်းတွင် အရောင်းအဝယ် အေးသွားကြောင်း အိမ်၊ ခြံ၊ မြေ လုပ်ကိုင်သူတစ်ဦးကပြောကြားသည်။      ''ယခုအခြေအနေက ဝယ်သူကတော့ ရှိတယ်။ ရောင်းမယ့်သူက နည်းနေတာ။ အခွန်ကြောင့်လည်းပါမယ်လို့ထင်တယ်။ အဓိကကတော့ ရွေးကောက် ပွဲပြီးမှ လုပ်ကြမယ်ဆိုတဲ့ သဘောရှိတယ်။ ဈေးနှုန်းကတော့ မကျပါဘူး။ အရောင်းအဝယ် နှေးသွားပေမယ့် အငှားကတော့ ပုံမှန်ပဲ။ အရောင်းအဝယ်ကလည်း ကျပ်သိန်း ၂ဝဝဝ၊ ၃ဝဝဝ ကျော်လောက်ပဲ ရှိတော့တယ်''ဟု ၎င်းကပြောသည်။       ၎င်းအပြင် ယခုအခါတွင် ပြည်ပ နိုင်ငံများနှင့် တိုက်ရိုက်ဘဏ်စနစ် ညှိနှိုင်းဆွေးနွေးမှုများ ရှိလာသောကြောင့် အိမ်၊ ခြံ၊ မြေဘက်တွင် အားကောင်း လာနိုင်သည်ဟု ထင်နေကြသော်လည်း အိမ်၊ ခြံ၊ မြေဈေးကွက်နှင့် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း၊ ယင်းဘဏ်လုပ်ငန်းများ ညှိနှိုင်းခြင်းမှာ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း၍ ငွေလွဲှခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်း၊ပစ္စည်းတင်ပို့ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။     တိုက်ခန်း ဈေးနှုန်းမှာလည်း ကျောက်တံတားမြို့နယ်တွင် ၇ လွှာ  ကျပ်သိန်း ၁၇ဝ ဝန်းကျင်၊ ကမာရွတ်မြို့နယ်တွင် ၄ လွှာ ကျပ်သိန်း ၃၅ဝဝန်းကျင်၊ စမ်းချောင်းမြို့နယ်တွင် ၇ လွှာ ကျပ်သိန်း ၁ဝဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။မင်းးသန့််