Main menu

Background

ရန်ကုန်ကားဈေးကွက်အတွင်း ကြိုက်ရောင်း ကြိုက်ဝယ်အနေအထားသာရှိ၊ ရောင်းမည့်သူများသာ ပိုများနေ

Wed, 09/29/2010 - 06:53 -- Anonymous (not verified)

  ရန်ကုန်ကားဈေးကွက်အတွင်း ကြိုက်ရောင်း ကြိုက်ဝယ်အနေအထားသာရှိ၊ ရောင်းမည့်သူများသာ ပိုများနေ      ရန်ကုန်ကားဈေးကွက်အတွင်းသို့ ကားအမျိုးအစား၊ ပုံစံအသစ်များ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေအထားမှာ ကြိုက်ရောင်း ကြိုက်ဝယ်သာရှိပြီး ဝယ်သူ သိပ်မရှိဘဲ ရောင်းချမည့်သူများသာ ပိုများနေကြောင်း ဟံသာဝတီ ကားရောင်းဝယ်ရေး စခန်းမှ ပွဲစားတစ်ဦးက ပြောကြားသည်။ ဈေးကွက်ထဲကို အက္ခရာ ၄ဂ/ အသစ်တွေ ဝင်ရောက်လာတယ်။ စီးရေ ၆ဝဝဝ ဝန်းကျင်ရှိမယ်။ ၄ဂ/ဟွန်ဒါ အမျိုးအစား တွေလည်း ဝင်တယ်။ ဟွန်ဒါတွေကပုံစံလှတာပဲရှိတယ်။ ဟိုင်းဝေးဆိုရင်တော့ သိပ်အဆင်မပြေလောက်ဘူး။ အပိုပစ္စည်း ကလည်း ရှားတယ်။ ၄ဂ/ ဟွန်ဒါအမျိုးအစားဆိုရင် ခေါ်ဈေးက သိန်း ၅ဝဝ ဝန်းကျင်လောက်ရှိတယ်။ ယခု အရောင်း အဝယ်သမားတွေက ၄ဂ/ တွေဝယ်ပြီးပြန်ရောင်းရင် ဈေးမရမှာကို စိုးရိမ်နေကြတယ်။ ဈေးကွက်ကလည်း ခေါ်ဈေး ပဲရှိတယ်၊ ဝယ်မယ့်သူ သိပ်မရှိဘူး''ဟု ၎င်းကပြော ကြားသည်။      ၎င်းအပြင် ကားဈေးနှုန်းမှာ ထူး ထူးခြားခြားပြောင်းလဲမှုသိပ်မရှိသေး ကြောင်း၊ဖင်ကောက်အက္ခရာ ၄ဂ/မှာ ကျပ်သိန်း ၅ဝဝ ဝန်းကျင် (R+) မှာ ကျပ်သိန်း၂၅ဝ ဝန်းကျင်၊ မတ်တူး ၉၉ မော်ဒယ်လ်ကျပ်သိန်း ၇၅ဝ ဝန်းကျင်နှင့် ပါပလေကာ နှင့် ဆန်နီအမျိုးအစားမှာ ကျပ်သိန်း ၇ဝ၊ ၈ဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။မင်းသန်