Main menu

Background

တရုတ်နိုင်ငံမှ သခွားမွှေးအဝယ်များချိန်မှာ ပစ္စည်းအထွက်နည်းလို့ တက်ဈေးဖြင့်ရရှိ

Wed, 09/29/2010 - 09:14 -- Anonymous (not verified)

 တရုတ်နိုင်ငံမှ သခွားမွှေးအဝယ်များချိန်မှာ ပစ္စည်းအထွက်နည်းလို့ တက်ဈေးဖြင့်ရရှိ     မန္တလေးသစ်သီးဈေးကွက်သို့ သခွားမွှေးဝင်ရောက်မှုနည်းချိန်မှာ တရုတ် ဘက်က အဝယ်လိုက်တာကြောင့် သခွားမွှေးတင်ပို့ရာ၌ တက်ဈေးရရှိခဲ့ ကြောင်း သိရပါတယ်။    သခွားမွှေးဝင်ရောက်မှုမှာ ယခုနှစ်ပတ်အတွင်း အဝင်နည်းခြင်း ဖြစ်ပါတယ်။ လဆန်းပိုင်းကတစ်ရက်လျှင် အလုံးတစ်သောင်းကျော်ဝင်ရောက်ခဲ့ရာမှ ယခုနှစ်ပတ်အတွင်း အလုံး နှစ်ထောင် ကျော်သာအဝင်ရှိပါတယ်။    ''မန္တလေးဈေးကွက်ကို မြစ်သား၊ ကျောက်ဆည်၊ ဘုတလင်၊ မုံရွာ၊ စစ်ကိုင်း၊ ချောင်းဦး၊ သဲတော၊ ဝမ်းတွင်းမြို့နယ်များမှ သခွားမွှေးသီးများ ဝင်ရောက်ပါတယ်။ လဆန်းပိုင်းက မြို့နယ်အချို့စိုက်ခင်းမှာ ရေဝင်တဲ့အတွက် အသီးအထွက်နည်းလာခဲ့တယ်။ တရုတ်ဈေးကွက်ကို ပိုက်သခွားရိုးရိုးနဲ့ ဂျပန်သီး၊ ရွှေသခွားအဝါသီးများ တင်ပို့ရပါတယ်။ ဒီရက်က တရုတ်လမုန့်ရိုးရာ ပွဲတော်ရှိတဲ့အတွက် အဝယ်လိုက်နေတာ။ အရင်က တစ်လုံး ၅ဝဝ ကျပ်ကို မနည်းရောင်းခဲ့ရာက အခုတစ်လုံး ၈ဝဝ ကျပ်နဲ့ ပို့သလောက်ရောင်းရတယ်''လို့ ငွေကံ့ကော်သစ်သီးပွဲရုံက ပြောပါတယ်။ တရုတ်ဈေးကွက်သို့ ဖရဲသီးများတင်ပို့မှုမှာ ရာသီဥတုကြောင့် အသီး မလှလို့ အနည်းငယ်သာ ဝယ်ယူနေပြီး၊ သခွားမွှေးသီးများကိုတော့ တင်ပို့သလောက်ဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။ ဇူးဇူး