Main menu

Background

ဆန် ရောင်းချမှုအားလုံးဟာ မူဝါဒနဲ့ ညီညွှတ်ကြောင်း ထိုင်းစီးပွားကူးသန်း ဝန်ကြီးကဆို

Mon, 10/04/2010 - 04:58 -- Anonymous (not verified)

 ဆန် ရောင်းချမှုအားလုံးဟာ မူဝါဒနဲ့ ညီညွှတ်ကြောင်း ထိုင်းစီးပွားကူးသန်း ဝန်ကြီးကဆို        လူသိနည်းတဲ့ အသေးစားပို့ကုန်လုပ်ငန်းရှင်တစ်ဦးကို အစိုးရသိုလှောင်ထားတဲ့ ဆန်တွေထဲက အမြောက် အမြားထုတ်ရောင်းပေးဖို့ မကြာသေးမီက အတည်ပြုပေးခဲ့တာဟာ အစိုးရရဲ့လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Porntiva Nakasai  က စက်တင်ဘာလ ၂၇ ရက်နေ့က ပြောကြားပါတယ်။      ဆန်ရောင်းချမှုကို နောက်ဆုံးအတည်ပြုပေးတာ အားလုံးဟာ ဒုတိယ ဝန်ကြီးချုပ် Trairong Suwannakhiriဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ အမျိုးသားဆန်စပါး မူဝါဒ ကော်မတီက ဆောင်ရွက်ပေးတာဖြစ်ကြောင်း သူမက ပြောကြားပါတယ်။        ''အတည်ပြုချက်က အမျိုးသား ဆန်စပါးမူဝါဒ ကော်မတီရဲ့ ရောင်းချရေး မဟာဗျူဟာနဲ့ ဝန်ကြီးအဖွဲ့ရဲ့ လမ်းညွှန်မှု တွေနဲ့ ကိုက်ညီတယ်ဆိုတာကို ကျွန်မတို့(ဝန်ကြီးဌာန)က အတည်ပြုဖို့ လိုအပ်ပါတယ်။ လမ်းညွှန်မှုအရပါရင် ဝယ်ဖို့ ကမ်းလှမ်း ချက်ပေးတဲ့ စနစ်  Offer-to -buy Approach နဲ့ ဆောင်ရွက်ဖို့လိုအပ်ပြီး ကမ်းလှမ်းချက်ပေးတဲ့ ဈေးနှုန်း အပေါ်မှာ အခြေခံပြီး ဆောင်ရွက် ်ရပါတယ်။ ဒီလမ်းညွှန်မှု အရ ၅ မှတ်ဆန်ဖြူက တစ်တန်ကို အနည်းဆုံးဘတ် ၁၂ဝဝဝ ရှိရပါမယ်'' လို့ Mrs Porntiva    ကပြောပါတယ်။ီ        Dr Trairong နိုက်ဂျီးယားက ပြန်လာတဲ့ အခါကျရင် ဆန်လက်ကျန်ထဲက ဘယ်လောက်ရောင်းတယ် ဘယ်ဈေးနဲ့ရောင်းတယ်ဆိုတာကို အတိအကျအဖြေပေးပါလိမ့်မယ်လို့ Mrs Porntiva ကပြောပါတယ်။ Dr Trairong  က နိုက်ဂျီးရီးယားနဲ့ ဆီနီဂေါ နိုင်ငံတွေကို စက်တင်ဘာ ၂၆ ရက်နေ့က ထွက်ခွါသွားပြီးထိုင်းနိုင်ငံကို အောက်တိုဘာလ ၅ရက်နေ့မှာပြန်ရောက်ပါမယ်။     ဝယ်ဖို့ကမ်းလှမ်းချက်ပေးတဲ့စနစ်အရ နိုင်ငံခြားအဝယ်အမှာစာရထားတဲ့ ကုမ္ပဏီတွေကို အစိုးရသိုလှောင်ဆန်ကို ဝယ်ဖို့ အတွက် အာဏာပိုင်တွေနဲ့ တိုက်ရိုက်ညှိနှိုင်းခွင့်ပေးထားပါတယ်ပဋိညာဉ် စာချုပ်ထဲမှာ သတ်မှတ် ထားတဲ့ အချိန် အတွင်းမှာ တင်ပို့ရမဲ့ ပမာဏ အားလုံးကို တင်ပို့ပေးဖို့ ကုမ္ပဏီမှာ တာဝန်ရှိပါတယ်။ ပဋိညာဉ်စာချုပ်ချုပ်ဆိုတဲ့အခါမှာ လည်းဝယ် ယူဖို့ အဆိုပြုထားတဲ့ ပမာဏအပေါ်အခြေခံထားပြီး ဆန်အရောင်းအဝယ် စာချုပ်ပမာဏရဲ့ ၅ ရာခိုင်နှုန်း နဲ့ တူညီတဲ့ အာမခံချက်ကို ပေးသွင်းရပါတယ်။     တကယ်လို့လေလံအောင်တဲ့ ကုမ္ပဏီတွေက ကတိကဝတ်အတိုင်း မဆောင်ရွက်နိုင်ရင် အာမခံငွေအား လုံးကိုအစိုးရသိမ်းယူပါတယ်။ အသစ်ချမှတ်ထားတဲ့ လေလံစနစ်က ပြည်တွင်းဆန်ဈေးနှုန်းတွေအပေါ်မှာ ဖိအားပေးမှုတွေကို ကာကွယ်ဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။      ဝယ်ယူဖို့ ကမ်းလှမ်းချက်ပေးတဲ့ စနစ်က ဆန်ရောင်းရာမှာ အစိုးရက ကျင့်သုံးတဲ့ နည်းလမ်းတစ်ခုမျှသာ ဖြစ်တယ်။အစိုးရအချင်းချင်းရောင်း ချတဲ့စနစ်နဲ့ ထိုင်းနိုင်ငံလယ်ယာထွက် ကုန်ပစ္စည်း အနာဂတ်ရောင်းချမှုဒိုင် Agricultural Futures Exchange of Thailand (AFET) ကတစ်ဆင့် ရောင်းတဲ့ စနစ်အပါအဝင် တခြားနည်းလမ်းတွေလည်း ရှိနေပါတယ်။ MT Centertrade ကို အစိုးရလက်ကျန် သိုလှောင်မှုကနေ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းရောင်းချဖို့ အတည်ပြု ပေးခဲ့ပြီး နောက်ပိုင်းစီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ဝေဖန်မှု တွေကို ခံခဲ့ရပါတယ်။        ဖေါ်ပြပါကုမ္ပဏီငယ်ကလေးဟာ တခြားကုမ္ပဏီကြီးတစ်ခုရဲ့ ကိုယ်စား ဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ် နေ မလား ဆိုတာကို ပို့ကုန်လုပ်ငန်းရှင်တွေက ဝေဖန်သုံးသပ်လျက်ရှိပါတယ်။ MT Centertrade ကုမ္ပဏီ လူကတစ်ဦးတည်းများပြားတဲ့ ပမာဏကြီး ကိုတင်ပို့နိုင်မှုအပေါ်မှာ ပို့ကုန်လုပ်ငန်းရှင်တွေက သံသယဝင်လျက်ရှိပါ တယ်။         မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဆန်လေလံပွဲမှာ နိုင်ငံရေးသမားတစ်ချို့နဲ့ ဝန်ကြီးဌာနကအရာရှိတွေက ဘတ်ငွေ သန်းပေါင်း များစွာကို လာဘ်စားခဲ့တယ်လို့ သူတို့ကစွပ်စွဲနေပါတယ်။စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်က အစိုးရသိုလှောင်ရောင်းချရေးကို ကြီးကြပ်နေတဲ့အဖွဲ့ဟာ အစိုးရသိုလှောင်ဆန် ၅ ဒသမ ၆သန်းအနက် တန်ချိန် ၄ သန်းကို ရောင်းချဖို့ အတည်ပြုပေးထားတယ်လို့ ရောင်းဝယ်ရေးသတင်းရပ် ကွက်ကပြောပါတယ်။         အတည်ပြုထားတဲ့ပမာဏထဲမှာ အမျိုးသားဆန်မူဝါဒကော်မတီက ပို့ကုန်လုပ်ငန်းရှင်ကြီးသုံးဦး ကိုအတည်ပြုပေးခဲ့တဲ့ဆန် ၁ ဒသမ ၆ သန်းလည်းပါဝင်ပါတယ်။ သတင်းရပ်ကွက်အဆိုအရဝန်ကြီးဌာနကတာဝန်ပေးထားတဲ့ အဖွဲ့က ပထမပို့ကုန်လုပ်ငန်းကုမ္ပဏီကြီး သုံးခုအပါအဝင် ကုမ္ပဏီ ၅ ခုကိုနောက်ထပ်ဆန်တစ်သန်း ထပ်မံခွင်ြ့ပုခဲ့ပါတယ်။ဒီအဖွဲ့က MTCenter trade ကိုလည်း ဆန် ၁ ဒသမ ၈ တန်ကို ခွင့်ပြုပေးခဲ့ပါတယ်။        မည်သို့ပင်ဆိုစေ အမျိုးသားဆန်မူဝါဒ ကော်မတီက ဆန်တန်ချိန် ၁ ဒသမ ၆ သန်းကိုသာ အပြီးသတ် အတည်ပြုပေးထားပြီး ကျန်ပမာဏအတွက် ဆုံးဖြတ်ချက်မချရသေးပါဘူး။ှSource : Bangkok Post,   ဉာဏ်တင်