Main menu

Background

အာရှနိုင်ငံများ အရန်ဆန်တိုးမြှင့်သင့်တယ်လို့ IRRI ကဆို

Mon, 10/04/2010 - 06:08 -- Anonymous (not verified)

အာရှနိုင်ငံများ အရန်ဆန်တိုးမြှင့်သင့်တယ်လို့ IRRI ကဆို         ကမ္ဘာမှာ စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရတဲ့ လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းရှိနေတဲ့ အာရှနိုင်ငံများအတွင်း စားနပ် ရိက္ခာဖူလုံမှု တိုးမြင့်ဖို့နဲ့ ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေဖို့အတွက် ၎င်းတို့ရဲ့ သိုလှောင်မှု ပမာဏတို့ကို တိုးမြှင့်သင့်တယ်လို့ အမေရိကန်အခြေစိုက် အာရှအဖွဲ့အစည်းနဲ့ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန အဖွဲ့တို့မှ တင်ပြတဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထား ပါတယ်။ အာရှလူဦးရေတိုးပွားလာတာနဲ့အမျှ ဆန်တိုးမြင့် ထုတ်လုပ်ဖို့ ကန်ဒေါ်လာ သန်းပေါင်းများစွာ လိုအပ်လျက်ရှိ တယ်လို့လည်း ဆိုပါတယ်။          စိုက်ပျိုးမှုသာမက ရောင်းချမှုနဲ့ ကုန်သွယ်မှုတို့မှာ လည်း အခက်အခဲဖြစ်လျက်ရှိရာ အဲဒီလိုအခက်အခဲတွေ လျော့ပါး စေဖို့ အရန်ဆန်ကို တိုးမြင့်သွားသင့်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံများအနေနဲ့ ဆန်ဈေးနှုန်း ပိုမို တည်ငြိမ်စေဖို့ အထူးဂရုပြုသင့်တယ်လို့ ဆိုပါတယ်။ အာရှနိုင်ငံများမှာ ၂ဝ၁ဝ မှ ၂ဝ၃ဝ ခုနှစ်အတွင်း နှစ်စဉ်ကန်ဒေါ်လာ ၁၂ဝ သန်း ရင်းနှီးမြှုပ်နံှမယ်ဆိုရင် လာမယ့် ၂၅ နှစ်ကျော်မှာ ထုတ်လုပ်မှုဟာ ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။                                                                                                              လဝန်း၊Sources: riceonline