Main menu

Background

အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ဈေးအေးနေတဲ့ ပြည်မတ်ပဲ

Mon, 10/04/2010 - 09:12 -- Anonymous (not verified)

အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ဈေးအေးနေတဲ့ ပြည်မတ်ပဲ      ပြည်မြို့ရဲ့ မတ်ပဲဈေးသည် ပဲစပေါ်ချိန်မှာ ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဈေးစဖွင့်တာကို တွေ့ရပါတယ်။ ဈေးစဖွင့်ချိန်မှာ မတ်ပဲဈေးမာတာကိုတွေ့ရပါတယ်။စက်တင်ဘာလမှာတော့ မတ်ပဲဈေးအေးနေပြီး ပဲကုန်သည်တွေ ကြိုက်ဈေး မရသော် လည်း ငွေလိုလို့ ထုတ်ရောင်းကြတာကြောင့် အရောင်းအဝယ်ကတော့ ရှိနေပါ တယ်။ စက်တင်ဘာလ နောက်ဆုံး ပတ်မှာ ပိဿာ ၂ဝ ပဲတစ်တင်းကို ၂၆ဝဝဝကျပ်ဈေးရှိခဲ့ပြီး တစ်ချို့ရက်တွေမှာ အရောင်းအဝယ် မရှိသော်လည်း အရောင်းအဝယ် ရှိတဲ့ရက်တွေမှာ ပဲတစ်တင်းခွဲအိတ် ၆ဝဝ၊ ၇ဝဝ ခန့်အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်ကလည်း ပုံမှန်ရှိနေပြီး တိုင်းဒေသကြီးတွင်းမှ ရန်ကုန်သို့ စက်တင်ဘာလဆန်းမှ လကုန်ရက်အထိ မတ်ပဲအိတ် ၁ ဒသမ၂၅ သိန်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။မိမိအေး