Main menu

Background

လှောင်လက်များထုတ်ရောင်းနေတာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျ

Tue, 10/05/2010 - 03:38 -- Anonymous (not verified)

 လှောင်လက်များထုတ်ရောင်းနေတာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျ        အိန္ဒိယဒေလီဈေးကွက်မှာ လှောင်လက်များထုတ်ရောင်းချမှုတွေကြောင့် ကုလားပဲ လက်ငင်းဈေး တစ်တန် ကို ရူပီး ၂ဝ (ကန်ဒေါ်လာ ဝ ဒသမ ၄) လျော့ကျခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃ဝ ရက် နေ့မှာ မော်တော်ကား ၂၅ စီး ဝင်ရောက် ခဲ့တာကြောင့် ရောင်းအားများကာ ဈေးလျော့ကျလာတာဖြစ်ပါ တယ်။ မဟာရပ်ရှတရာဈေးကွက်များမှာ တစ်တန်ကို ရူပီး ၂၂၂၈ဝ (ကန်ဒေါ်လာ ၄၉၈ ဒသမ ၆) ရှိပြီး၊ အာကိုလာ ဈေးကွက်မှာ ရူပီး ၂၃၂၅ဝ (ကန်ဒေါ်လာ ၅၂ဝ ဒသမ ၃) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကာလလတ်နဲ့ ကာလရှည်များမှာလည်း ယခုနှစ်ပဲမိုျးစုံအထွက်ကောင်း မွန်ခြင်းနဲ့ ဆောင်းကုလားပဲစိုက်ပျိုးမှု တိုးတက်မယ့် အလားအလာများကြောင့် ဈေး လျော့ကျနိုင်တယ်လို့ သုံးသပ်ကြပါတယ်။                                                                                                                                    ယမင်းခင်၊                                                                                                                                   Sources: P T I