လက်ကျန်နည်းသွားပြီးဖြစ်တဲ့ မြေထောက်နဲ့ထောပတ်ပဲ တင်ပို့မှုလျော့လာ ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းသွားပြီဖြစ်တဲ့ မြေထောက်နဲ့ ထောပတ်ပဲဟာ ဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်းတင်ပို့မှု သိသိသာသာလျော့လာတာတွေ့ရပါတယ်။ စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အတွင်း ယခုတစ်ပတ်မှာမြေထောက်ပဲတန် ၅ဝ နဲ့ထောပတ်ပဲ တန် ၂၅ ခန့်သာတင်ပို့ခဲ့ပါတယ်။ ယခုနှစ်မှာမြေထောက်ပဲဟာ ရုရှား ကိုတင်ပို့မှု များတယ်လို့ သိရပါတယ်။ ဂျပန်ကဝယ်ယူမှုများတဲ့ ထောပတ်ပဲဟာလည်း ပြည်ပဝယ်လိုအားကောင်းနေပေမဲ့ ပြည်တွင်း လက်ကျန်မရှိသလောက် နည်းသွားပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ စက်တင်ဘာလ ၃ဝ ရက် ထောပတ်ပဲဈေးမှာ ယခင်ရက်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲၤFAQ တစ်တန်ကို ကန်ဒေါ်လာ ၈၄ဝ-၈၆ဝ ရှိပြီး မြေတောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၉၅-၇၁၅ ရှိရာမှစက်တင်ဘာလ ၃ဝ ရက်မှာကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ကို လျော့ကျခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက် ပေါက်ဈေး အနေနဲ့ မြေထောက်ပဲ Polished တစ်တန်ကို ကန်ဒေါ်လာ ၇၉၁၊့Unpolished တစ်တန်ကို ကန်ဒေါ်လာ ၇၆၉ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT(MAPT)
Background