Main menu

Background

ယခုအပတ် နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို

Tue, 10/05/2010 - 05:46 -- Anonymous (not verified)

ယခုအပတ် နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို     စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်ဆီ ၁၈၅၅၈၅ ဂါလန်၊ ဒီဇယ်ဆီ ၁၄၉၄၃ဝ ဂါလန်နဲ့ သဘာဝဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၇၄၁ သန်းဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင် အပက်ကထက် ဓာတ်ဆီ ၉၇၅၄ဝ ဂါလန်၊ သဘာဝဓာတ်ငွေ့ရည် ကီလိုဂရမ် ၆ဝ ပိုမိုတင်သွင်းခဲ့သော်လည်း ဒီဇယ်ဆီ ၂၇၉ဝ၆ ဂါလန် လျော့ နည်းတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုများကတော့ ဓာတ်ဆီကို တာချီလိတ်မှ ၁၆၅၄၃၅ ဂါလန်၊ ကော့သောင်းမှ ၂ဝ၁၅ဝ ဂါလန်၊ ဒီဇယ်ဆီကို ကန်ပိုက်တီးမှ ၆၉၅၆၂ ဂါလန်၊ တာချီလိတ်မှ ၇၉၈၆၇ ဂါလန်၊ တာချီလိတ်မှ သဘာဝ ဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ် အသီးသီးတင်သွင်းခဲ့ပါတယ်။MIRT (DOBT)