Main menu

Background

ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး ပြည်တွင်းရွှေဈေး ဦးမော့လာနိုင်

Tue, 10/05/2010 - 06:29 -- Anonymous (not verified)

 ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး ပြည်တွင်းရွှေဈေး ဦးမော့လာနိုင်       ကမ္ဘာ့ရွှေဈေးမှာ အဆမတန်မြင့်တက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း ထပ်မံ ၍ စံချိန်မြင့်တက်လာသောကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း ဦးမော့လာနိုင်ပြီးအတက်ဘက်သို့ ဦးတည်နေကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။      ''အခုကမ္ဘာ့ဈေးက အမေရိကန်ငွေကြေးအပေါ် မူတည်နေတဲ့အတွက် အမေရိကန် ဒေါ်လာဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ရွှေဈေးက ဆက်တိုက်ဆိုသလို တက်လာတယ်။ ဒေါ်လာဈေးကျရင် ရွှေဈေးတက်သလို ဒေါ်လာဈေးတက်ရင် ရွှေဈေးကျတယ်။ အခုဆိုထိုင်းမှာလည်း စံချိန်သစ်တင်သွားတယ်။ တစ်ဒေါ်လာ ကို ဘတ် ၃ဝ ပဲရှိတယ်။ ကမ္ဘာ့ရွှေဈေးက အဆမတန် မြင့်တက် နေတဲ့အတွက် ပြည်တွင်းရွှေဈေးကလည်း အကျဘက်မရှိဘူး၊ အတက်ဘက်ကိုပဲ ဦးတည်နေတယ်။ အရောင်းအဝယ် ဈေးကွက်ကတော့ ပုံမှန်ပဲ။ ခပ်အေးအေးနဲ့ ပုံမှန်ပဲ သွားနေတယ်။ လက်ရှိဈေးနှုန်းကတော့ အတက်အကျသိပ်မရှိဘူး''ဟု ၎င်းက ပြောကြားသည်။        ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၉၃ ဖြင့်စံချိန်တင်ခဲ့ပြီး ယခုတစ်ပတ် ကြာသပတေးနေ့တွင် တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ ၁၃၁ဝ ဖြင့် စံချိန်အသစ်ချိူးခဲ့ကြောင်းနှင့် ပြည်တွင်း ရွှေဈေးနှုန်း မှာ စက်တင်ဘာ ၃ဝရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၅ဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ကြောင်းသိရသည်။             မင်းသန့််