Main menu

Background

ဒီသီတင်းပတ်မှာ တန် ၄ဝဝ ဝင်

Tue, 10/05/2010 - 06:59 -- Anonymous (not verified)

 ဒီသီတင်းပတ်မှာ တန် ၄ဝဝ ဝင်     ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလ ၂ဝ ရက်မှ ၂၆ ရက်နေ့ ကာလအတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၃၉၈ ဒသမ ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၁၈၂၇ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က အဝင်တန်ချိန်၆ဝဝရှိခဲ့တာမို့ ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ရေကြောင်းလမ်းဘက်က တန်ချိန် တစ်ဝက် နီးပါးလျော့ပြီး ဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်ဓာတ်မြေသြဇာများကို အီရန်နိုင်ငံက တန်ချိန် ၁၆၈တန်၊ ချီလီနိုင်ငံဘက်ကနမူနာအနေနဲ့ ၁၄ တန်နဲ့ ထိုင်းနိုင်ငံ ဘက်ကနေ အများဆုံးတန်ချိန် ၂၁၆ တန်ကျော် တင်သွင်းလာခဲ့ပါတယ်။ ယခင်အပတ်အဝင် ကတော့ ထိုင်းနိုင်ငံဘက်ကပဲ တင်သွင်းလာခဲ့တာဖြစ်ပြီး ဒီရက်သတ္တပတ်မှာတော့ နိုင်ငံစုံအမယ်စုံ ဓာတ်မြေသြဇာ တန်ချိန်စုစုပေါင်း ၄ဝဝ တန်လောက် ဝင်လာတာ တွေ့ရပါတယ်။                                                                                         MIRT (DOT)