Main menu

Background

ဘိလပ်မြေအဝင်ပိုခဲ့

Tue, 10/05/2010 - 08:09 -- Anonymous (not verified)

ဘိလပ်မြေအဝင်ပိုခဲ့     ပြည်တွင်းကို စက်တင်ဘာလ ၂ဝ ရက်မှ ၂၆ ရက်နေ့ကာလအတွင်း ပင်လယ် ရေကြောင်းလမ်းကနေ ဘိလပ်မြေတန်ချိန် ၃ဝ၁၄၃ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅၂၃ဝ၂၂ ဒေါ်လာဖိုးတင်သွင်းခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဘက်က တန်ချိန် ၇ဝဝ နဲ့ အိန္ဒိယနိုင်ငံဘက်က တန်ချိန် ၁၇၆၈ တန် ထိုင်းနိုင်ငံဘက်က ၂၇၆၇၅ ဒသမ ၄၅တန်နဲ့ သြစတြေးလျက ၅ဝတန် အသီးသီးဝင်ခဲ့ပါတယ်။ ယခင်အပတ်က အဝင်တန်ချိန် နှစ်ထောင့်ငါးရာကျော်သာရှိခဲ့တာမို့ ဒီအပတ် အဝင်က ယခင်အပတ်ထက် ၁ဝ ဆကျော် ပိုမိုဝင်ခဲ့တာတွေ့ရပါတယ်။ ဘိလပ်မြေတစ်တန်ကို စီအိုင်အက်ဖ် ၈၅ ဒေါ်လာနှုန်းနဲ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT (DOT)