Main menu

Background

သီတင်း ၅ ပတ် အတွင်း အများဆုံးကျဆင်းပြီးနောက် မလေးရှား စားအုန်းဆီ ဈေးပြန်တက်လာ

Tue, 10/05/2010 - 09:33 -- Anonymous (not verified)

သီတင်း ၅ ပတ် အတွင်း အများဆုံးကျဆင်းပြီးနောက် မလေးရှား စားအုန်းဆီ ဈေးပြန်တက်လာ    အမေရိကန် သိုလှောင်ပဲပုပ်များကို ဆီထုတ်လုပ်လာမှုကြောင့် သီတင်း ၅ ပတ်အတွင်း စားအုန်းဆီဈေး အများဆုံးကျဆင်းခဲ့ ရာမှ ပြန်လည်မြင့်တက်လာခဲ့ တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဒီဇင်ဘာ ပို့ရမယ့် စားအုန်းဆီ ဈေးဟာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၇၆ ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်က ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ သြဂုတ်လ ၂၄ ရက်နောက်ပိုင်း အများဆုံး ကျဆင်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။       ချီကာကိုမှာ ပဲပုပ်ဈေးနှုန်းကလည်း ၃ ရက်အတွင်း ပထမအကြိမ်အနေနဲ့ ဝ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ဝ၄၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၄ဝ၈) ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ အမေရိကန် ပဲပုပ်အရန် သိုလှောင်မှုဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ ဘူရှယ်ပေါင်း ၁၅၁ သန်း (တန်ချိန်၄ ဒသမ ဝ၈သန်း) ရှိလို့ ယခင်နှစ်ကာလ တူပမာဏ ဘူရှယ် ၁၃၈ သန်း (တန်ချိန် ၃ ဒသမ ၇၃ သန်း) ထက် ပိုမိုတယ်လို့ လေ့လာဆန်းစစ်သူများရဲ့ စစ်တမ်းအရ သိရပါတယ်။       ယခု ၃ လအတွင်း ပွဲတော်မတိုင်မီ ဝယ်လိုအားကောင်းခဲ့တာကြောင့် စားအုန်းဆီဈေး ၁၅ ရာခိုင်နှုန်း ခန့်မြင့်တက်ခဲ့ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရိတ်သိမ်းမှုကို ထိခိုက်ခဲ့တဲ့အတွက် ဇူလိုင်လအထိ ၇ လ အတွင်း လက်ကျန်ကျဆင်း ခဲ့ပါတယ်။ ဒါပေမဲ့ သြဂုတ်လမှာတော့ မလေးရှားစားအုန်းဆီ အရန်သိုလှောင်မှုဟာ ဇူလိုင်လထက် ၂၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၇၂ သန်းရှိတယ်လို့စက်တင်ဘာလ ၁၅ ရက်မှ စားအုန်းဆီအဖွဲ့က ပြောကြားပါတယ်။     CME Group မှာ ဒီဇင်ဘာစားအုန်းဆီ မလေးရှားအခြေခံဈေးနှုန်းဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၈၁ ဒသမ ၅ဝ ရှိပြီး တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ မေလပို့ရမယ့် စားအုန်းဆီ ဈေးဟာ ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၁၅ဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊ Sources: bloomberg ,net