Main menu

Background

ယခုတစ်ပတ်နှမ်းတင်ပို့မှု တန် ၂ဝဝဝ ကျော်

Tue, 10/05/2010 - 09:30 -- Anonymous (not verified)

ယခုတစ်ပတ်နှမ်းတင်ပို့မှု တန် ၂ဝဝဝ ကျော်     ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်စက်တင်ဘာ လ ၂ဝ ရက်မှ ၂၆ ရက်အတွင်း တန် ၂၃ဝဝ ခန့်အထိ စံချိန်တင်တိုးတက်လာတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊စင်ကာပူနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး၊ ဂျပန်နိုင်ငံကိုတော့ တန်ချိန် ၁၇ဝဝ ကျော်နဲ့ အများဆုံးတင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ် ဈေးနှုန်းများ အတိုင်း သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ၊ နှမ်းနက်မှာကန်ဒေါ်လာ ၁၃၈ဝ-၁၄၈ဝ၊ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ အသီးသီးရှိကြောင်း သိရပါတယ်။MIRT (MAPT)